သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားနိမ့်ပါးနိုင်ငံတွေဆီ ငွေလွှဲမှုများ ရုတ်ချည်းတိုးမြင့်


ကမ္ဘာမှာ ဝင်ငွေအလယ်အလတ်နဲ့ ဝင်ငွေနိမ့်တဲ့ နိုင်ငံတွေကို ငွေကြေးလွှဲပြောင်းပေးပို့တာတွေက ၂၀၁၈ ခုနှစ်ထဲမှာ အလျှင်အမြန်တိုးမြင့်လာတယ်လို့ ကမ္ဘာ့ဘဏ်က နောက်ဆုံးထုတ်ပြန်တဲ့ ရွှေ့ပြောင်းနေထိုင်မှုနဲ့ ဖွံ့ဖြိုးမှုအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဖွံ့ဖြိုးဆဲ နိုင်ငံတွေကို ငွေတွေ တရားဝင် လွှဲပြောင်းပေးပို့တဲ့နှုန်းဟာ ၁၀.၈ % တိုးမြင့်ပြီး ၊ စုစုပေါင်း ဒေါ်လာ ၅၂၈ သန်းထိရှိသွားမယ်လို့လည်း ကမ္ဘာ့ဘဏ်က ဒီကနေ့ထုတ်ပြန်ချက်မှာ ခန့်မှန်းဖော်ပြထားပါတယ်။ ကမ္ဘာတဝှမ်းလုံး အတိုင်းအတာနဲ့ဆိုရင်တော့ ၁၀.၃ % ပိုများသွားပြီး ၊ ဒေါ်လာ ၆၈၉ ဘီလီယံထိ ဖြစ်သွားမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီလို ငွေလွှဲခံရတဲ့နိုင်ငံတွေထဲမှာ အိန္ဒိယကိုငွေပို့ကြတာကတော့ အများဆုံးဖြစ်နေဆဲပါ။ ဒီနှစ်မှာ အိန္ဒိယ ကို ငွေပို့ကြတာ သန်း၈ သောင်းရှိပြီး သူ့နောက်မှာတော့ တရုတ်၊ မက္ကဆီကို၊ ဖိလစ်ပိုင်နဲ့ အီဂျစ်နိုင်ငံတို့ အသီးသီးရှိနေပါတယ်။ ငွေလွှဲခကလည်း ဈေးကြီးပြီး ဒေါ်လာ ၂၀၀ လွှဲမယ်ဆိုရင် ၆.၉% ပေးရပါတယ်။

ဒေါ်လာ ၂၀၀ ငွေလွှဲခ ကတော့ ၆.၉ % နဲ့ ဈေးမြင့်နေပါသေးတယ်။ ဈေးကွက်ကို လွတ်လွတ်လပ်လပ်ဖွင့်ပေးတာနဲ့ အဖိုးခသက်သာတဲ့ နည်းပညာ ပိုအသုံးပြုလာနိုင်ရင်တော့ ဆင်းရဲတဲ့နိုင်ငံတွေ ဒီလို ငွေကြေးအလွှဲအပြောင်းအတွက် အကုန်အကျများနေတာ သက်သာနိုင်တယ်ဆိုပြီး ကုလသမဂ္ဂနဲ့ ကမ္ဘာ့ဘဏ် လက်တွဲဆောင်ရွတ်နေတဲ့ 2030 Development Agenda အဖွဲ့ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG