သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလား အမေရိကန်နဲ့ စလိုဗေးနီးယား ၂ ဂိုးစီသရေ


ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ ဆားဘီးယားက ဂျာမဏီကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပြီး အမေရိကန်နဲ့ စလိုဗီးနီးယား တို့ ၂ ဂိုးစီ၊ အင်္ဂလန်နဲ့ အယ်ဂျီးရီးယား တို့ ဂိုးမရှိ သရေကျသွားကြပါတယ်။

ဂျာမန် အသင်းက ပယ်နယ်တီ ရခဲ့ပေမဲ့ ဆားဘီးယား ဂိုးသမား ကာကွယ်လိုက်နိုင်တဲ့အတွက် ဂိုး မရရှိခဲ့ပါဘူး။ ဂျာမန် ရှေ့တန်းလူ ဘေယန်မျူးနစ် အသင်း Miroslav Klose အထုတ်ခံရတဲ့အတွက် ကျန် အချိန် မိနစ် ၆၀ လောက်ကို ဆယ်ယောက် နဲ့ ကစားသွားခဲ့ရပါတယ်။

အမေရိကန် နဲ့ စလိုဗီးနီးယား တို့ပွဲမှာ အမေရိကန် အသင်း ရှေ့တန်းလူ Maurice Edu က တတိယ ဂိုး သွင်းယူခဲ့ပေမဲ့ သူ့ကို ပြစ်ဒဏ်ဘော သတ်မှတ်ခဲ့တဲ့အတွက် ဂိုး မရခဲ့ဘဲ၊ ၂ ဂိုးစီ သရေကျ သွားခဲ့တာဖြစ်ပါတယ်။ ဒီပြစ်ဒဏ်ဘောဟာ အငြင်းပွါးစရာ ပြစ်ဒဏ်ဘော ဖြစ်နေပါတယ်။

ကမ္ဘာ့ဖလား ဘောလုံးပွဲမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ မြောက်ကိုရီးယား ဘောလုံးသမား ၄ ယောက် ထွက်ပြေးသွားကြတယ် ဆိုတဲ့ သတင်းကို ကမ္ဘာ့ဖလားပွဲ စီစဉ်သူ ဖီဖာက ငြင်းဆိုလိုက်ပါတယ်။ ကမ္ဘာ့ဖလား ဘောလုံးအဖွဲ့ချုပ်က မြောက်ကိုရီးယား အသင်းက ဆက်သွယ်ရေး အရာရှိကို မေးမြန်းတဲ့အခါ သူက ငြင်းဆိုသွားတယ်လို့ ဖီဖာ ပြောရေးဆိုခွင့်ရှိသူ Nicholas Maingot က ပြောပါတယ်။ အင်္ဂါနေ့က ဘရာဇီး နဲ့ ကစားတဲ့ပွဲမှာ ဘောလုံးသမား ၄ ယောက်ကို ပျက်ကွက်လို့ စာရင်းတင်ခဲ့ရာက ခုလို ကောလဟာလထွက်လာခဲ့တာ ဖြစ်ပါတယ်။
အေပီ သတင်းဌာနက မြောက်ကိုရီးယား အသင်း လေ့ကျင့်နေတာကို သွားရောက် ကြည့်ရှုခဲ့တဲ့အခါ အဲဒီ ဘောလုံးသမား ၄ ယောက်လုံး လေ့ကျင့်နေတာကို တွေ့ခဲ့ရပါတယ်။

XS
SM
MD
LG