ဒီကနေ့ကျင်းပတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်၊ အုပ်စု E က နယ်သာလန်နဲ့ ဂျပန်တို့ပွဲ မှာ နယ်သာလန်အသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
နယ်သာလန်အသင်းဟာ နှစ်ပွဲဆက်တိုက် အနိုင်ရထားတဲ့အတွက် ၆ မှတ်နဲ့ အုပ်စုဗိုလ်ဖြစ်နေ ပီး ဒုတိယအဆင့် ၁၆ သင်း ရှုံးထွက်ပွဲစဉ်ကို တက်ရောက်ဖို့ သေချာသလောက် ဖြစ်သွားပါပြီ။ ဂျပန်အသင်းက တပွဲရှုံး တပွဲနိုင် သုံးမှတ်နဲ့ လောလောဆယ် အုပ်စုဒုတိယဖြစ်နေပါတယ။် ဒီအုပ်စုကပဲ ကင်မရွမ်းနဲ့ဒိန်းမတ်တို့ကတော့ အမှတ်မရကြသေးဘဲ တနင်္ဂနွေနဲ့မနက်အစောကြီး ၁ နာရီမှာ ကစားကြမှာဖြစ်ပါတယ်။
အုပ်စု D က ဂါနာနဲ့ သြစတြေးလျတို့ပွဲမှာတော့ တဘက် ၁ ဂိုးစီနဲ့ သရေကျသွားပါတယ်။ သြစတြေးလျအသင်းက ပထမပိုင်း ၁၁ မိနစ်မှာ ဗွေဆော်ဦး ဂိုးသွင်းယူခဲ့တာဖြစ်ပေမယ့် ၂၄ မိနစ်မှာ ဂါနာအသင်းဘက်က ကန်လိုက်တဲ့ဘောလုံး သြစတြေးလျရှေ့တန်းကစားသမား ကျောနံပါတ် ၁၀ Kewell လက်နဲ့ ထိသွားတဲ့အတွက် သူ့ကို အနီကဒ်ပြ ထုတ်လိုက်သလို ပန်နယ်လ်တီ ပြစ်ဒဏ်ဘောလဲ ပေးလိုက်ရပါတယ်။
အဲဒီပြစ်ဒဏ်ဘောကို ဂါနာအသင်းဘက်က ရှေ့တန်းကစားသမား ကျောနံပါတ် ၃ A. Gyan ကန်သွင်းယူလိုက်တဲ့အတွက် ဂါနာအသင်း ချေပ ဂိုးရသွားပါတယ်။
ပွဲပြီးတဲ့အထိ ဘယ်ဘက်ကမှ ဂိုးထပ်မသွင်းနိုင်တဲ့အတွက် သရေပွှဲအဖြစ် အဆုံးသတ်သွားခဲ့ပါတယ်။
အုပ်စု D မှာ အခုဆိုရင် ဂါနာအသင်းက ၄ မှတ်နဲ့ အုပ်စုပထမ၊ ဂျာမနီနဲ့ဆားဘီးယား ၃ မှတ်တူပေမယ့် ဂိုးကွာခြားချက်အရ ဂျာမနီက အုပ်စု ဒုတိယဖြစ်နေပါတယ်။ သြစတြေးလျအသင်းကတော့ ၁ မှတ်နဲ့ အုပ်စုအောက်ဆုံးမှာပါ။
မြန်မာစံတော်ချိန် တနင်္ဂနွေနေ့ မနက်အစောကြီး ၁ နာရီမှာတော့ အုပ်စု E က ကင်မရွမ်းနဲ့ ဒိန်းမတ်အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါ တယ်။