သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယား ထွက်၊ ဥရုဂွေး ကွာတားတက်


ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၊ ၁၆ သင်း ရှုံးထွက်ပွဲစဉ်၊ ပထမဆုံးပွဲအဖြစ် ဥရုဂွေးအသင်းနဲ့ တောင်ကိုရီးယားအသင်းတို့ ယှဉ်ပြိုင် ကစားကြတာ မှာ ဥရုဂွေးအသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ် တက်သွားပါပြီ။

ဥရုဂွေးအသင်းအတွက် နှစ်ဂိုးစလုံးကို ရှေ့တန်းတိုက်စစ်မှူး ကျောနံပါတ် ၉၊ Luis Suarez က ၈ မိနစ်နဲ့ မိနစ် ၈၀ တို့မှာ သွင်းယူခဲ့တာပါ။
တောင်ကိုရီးယားအသင်းအတွက် ဂိုးကိုတော့ အလယ်တန်းကစားသမား ကျောနံပါတ် ၂၇ Lee Chung-Yong က ၆၈ မိနစ်မှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့ မနက်အစောပိုင်းမှာတော့ အမေရိကန်နဲ့ ဂါနာအသင်းတို့ ရှုံးထွက်ပွဲစဉ် ဒုတိယမြောက်ပွဲအဖြစ် ကစားကြမှာဖြစ်ပါတယ်။ အဲဒီပွဲ နိုင်တဲ့အသင်းဟာ ဥရုဂွေးအသင်းနဲ့ ကွာတားဖိုင်နယ် ကစားရမှာဖြစ်ပါတယ်။

XS
SM
MD
LG