သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမနီအသင်း ဂိုးပြတ်နိုင်၊ အင်္ဂလန်အသင်း ပြည်တော်ပြန်ရပြီ


انرژی هسته ای در همه جا، حتی بر سر در مدارس، عکس از هوتن

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၊ ဒုတိယဆင့်ရှုံးထွက်ပွဲစဉ်တွေ ဒီကနေ့ ဆက်ကစားခဲ့ကြတာမှာ ဂျာမနီနဲ့ အင်္ဂလန်အသင်းတို့ပွဲမှာ ဂျာမနီအသင်းက ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။

ဂျာမနီအသင်းအတွက် အဖွင့်ဂိုးကို ပထမပိုင်း မိနစ် ၂၀ မှာ ရှေ့တန်းတိုက်စစ်မှူး ကျောနံပါတ် ၁၁ က Miroslav Klose က သွင်းယူခဲ့ပါတယ်။ တခါ ၃၂ မိနစ်မှာ ရှေ့တန်းတိုက်စစ်မှူး ကျောနံပါတ် ၁၀ Lukas Podolski က ဒုတိယဂိုး သွင်းယူခဲ့ပါတယ်။

အဲဒီနောက် ၃၇ မိနစ်မှာတော့ အင်္ဂလန်နောက်ခံလူ ကျောနံပါတ် ၁၅ Matthew Upson က အင်္ဂလန်အသင်းအတွက် ချေပဂိုးတဂိုး ပြန်သွင်းခဲ့ပါတယ်။

ဒါပေမဲ့လည်း ဂျာမနီအသင်းက ၆၇ မိနစ်နဲ့ မိနစ် ၇၀ တို့မှာ နောက်ထပ် နှစ်ဂိုးဆက်တိုက် သွင်းယူခဲ့ပါတယ်။ အဲဒီဂိုးတွေကိုတော့ ဂျာမန် အလယ်တနုးတိုက်စစ်မှူး ကျောနံပါတ် ၁၃၊ Thomas Muller၊ တယောက်ထဲက သွင်းယူသွားတာပါ။

အခုပွဲမှာ ဂျမနီအသင်း အနိုင်ရသွားတဲ့အတွက် တနင်္လာနေ့မနက်အစောပိုင်း ယှဉ်ပြိုင်ကစားမယ့် အာဂျင်တီးနားနဲ့ မက္ကဆီကိုပွဲက အနိုင်ရတဲ့အသင်းနဲ့ ကွာတားဖိုင်နယ်မှာ ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။

XS
SM
MD
LG