သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်သာလန်အသင်း စလိုဗက်ကီးယားကို အနိုင်ကန်ပြီး ကွာတားတက်သွားပြီ

တောင်အာဖရိကနိုင်ငံ ဒါဘန်မြို့မှာ ဒီကနေ့ ကစားသွားတဲ့ ဒုတိယအဆင့်ရှုံးထွက်ပွဲမှာ နယ်သာလန်အသင်းက စလိုဗက်ကီးယားအသင်းကို ၂ ဂိုး ၁ ဂိုး နဲ့ နိုင်ပြီး ကွားတာဖိုင်နယ် တက်သွားပါပြီ။

နယ်သာလန်အသင်းအတွက် ဂိုးတွေကို အာရန် ရော်ဘင် (Arjen Robben) နဲ့ ဝက်စလေ ရှနိုက်ဒါး (Wesley Sneijder) တို့က ၁၈ မိနစ်နဲ့ ၈၄ မိနစ်တို့မှာ အသီးသီး သွင်းယူခဲ့တာပါ။ စလိုဗက်ကီးယားအသင်းအတွက် ဂိုးကိုတော့ ပုံမှန်ကစားချိန် မိနစ် ၉၀ ပြည့်လို့ ဖြည့်စွက်ကစားချိန် သုံးမိနစ်ထဲက နောက်ဆုံးမိနစ်မှာ စလိုဗက်ရှေ့တန်းလူ ရောဘတ်ဗီးတက်ခ် (Robert Vittek) က ပယ်နယ်တီကနေတဆင့် သွင်းခဲ့တာပါ။

နယ်သာလန်အသင်းဟာ အခုပွဲကို အနိုင်ရသွားတဲ့အတွက် အင်္ဂါနေ့မနက်အစောပိုင်းကစားမယ့် ဘရာဇီးနဲ့ ချီလီပွဲ နိုင်တဲ့အသင်းနဲ့ ပို့အယ်လီဇဘတ်မြို့မှာ (Port Elizabeth) မြို့မှာ လာမယ့် ဇူလိုင်လ ၂ ရက်နေ့ကျရင် ကွာတားဖိုင်နယ် ကစားရမှာဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG