သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလားခြေစစ်ပွဲ ချန်ပီယံ စပိန်နဲ့ ပြင်သစ် တအုပ်စုထဲကျ

ကမ္ဘာ့ဖလားခြေစစ်ပွဲ ချန်ပီယံ စပိန်နဲ့ ပြင်သစ် တအုပ်စုထဲကျ
ကမ္ဘာ့ဖလားခြေစစ်ပွဲ ချန်ပီယံ စပိန်နဲ့ ပြင်သစ် တအုပ်စုထဲကျ

ဘရာဇီးလ်နိုင်ငံမှာ ၂၀၁၄ ခုနှစ်ကျင်းပမယ့် ကမ္ဘာ့ဖလား ဘောလုံးဗိုလ်လုပွဲမှာ လက်ရှိချန်ပီယံ စပိန်အသင်းက ပြင်သစ်အသင်းနဲ့ အုပ်စုတခုထဲမှာ ကစားရမှာဖြစ်ပါတယ်။

လာမယ့် ကမ္ဘာ့ဖလားဗိုလ်လုပွဲ အကြိုခြေစစ်ပွဲတွေအတွက် အုပ်စုရွေး မဲနှိုက်ပွဲကို စနေနေ့က Rio de Janeiro မြို့မှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ကပြုလုပ်ခဲ့ပါတယ်။ နှစ်နာရီလောက် ကြာတဲ့ အုပ်စုရွေးပွဲကို ရုပ်မြင်သံကြားကနေလည်း တိုက်ရိုက် ပြသခဲ့ပါတယ်။

ဥရောပဇုံ အုပ်စု I မှာ စပိန်အသင်းက ၂၀၀၆ ခုနှစ်တုန်းက ကမ္ဘာ့ဖလား ဒုတိယရခဲ့တဲ့ ပြင်သစ်အသင်းအပြင် ဘဲလာရုရှ်၊ ဂျော်ဂျီယာ၊ ဖင်လန်အသင်းတွေနဲ့ အကြိုခြေစစ်ပွဲတွေ ကစားရမှာဖြစ်ပါတယ်။ မြန်မာပရိသတ် စိတ်ဝင်စားတဲ့ အင်္ဂလန်အသင်းကတော့ အုပ်စု H မှာ မွန်တီနီဂရိုး၊ ပိုလန်၊ ယူကရိန်း၊ မိုလ်ဒိုဗာ၊ ဆန် မာရီနို စတဲ့အသင်းတွေနဲ့ ကန်ရပါလိမ့်မယ်။

ကမ္ဘာမှာ ရက်အရှည်ကြာဆုံး ဘောလုံး ဗိုလ်လုပွဲစဉ်တွေကို ရက်ပေါင်း ၈၈၈ ရက်၊ ပွဲစဉ်ပေါင်း ၈၂၄ ပွဲ ကစားကြမှာဖြစ်ပါတယ်။ ဖိုင်နယ်ရောက်မယ့်အသင်း ၃၁ သင်းက ဘယ်နိုင်ငံအသင်းတွေ ဖြစ်ပြီးတော့ ဘယ်အုပ်စုတွေမှာ ကစားကြရမလဲဆိုတာကိုတော့ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ မကုန်ခင် ဆုံးဖြတ်မှာဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG