သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားနဲ့ အာဂျင်တီးနားတို့ သုံးမှတ်စီ ရသွားပြီ


တောင်အာဖရိကနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ ၂၀၁၀ ပြည့်နှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်တွေကို ဒီကနေ့ စနေနေ့က ဆက်လက် ကစားခဲ့ကြပါတယ်။

အုပ်စု B ပထမဆုံးပွဲအဖြစ်ကစားခဲ့တဲ့ တောင်ကိုရီးယားနဲ့ ဂရိနိုင်ငံတို့ပွဲမှာ အာရှအသင်းဖြစ်တဲ့ တောင်ကိုရီးုယားက ၂ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။

တောင်ကိုရီးယားအသင်းအတွက် အနိုင်ဂိုးတွေကို ၆ မိနစ်နဲ့ ၅၂ မိနစ်တို့မှာ အသီးသီး သွင်းယူခဲ့ ပါတယ်။

ဒုတိယပွဲဖြစ်တဲ့ နာမည်ကျော် အာဂျင်တီးနားအသင်းနဲ့ အာဖရိက အသင်းတသင်းဖြစ်တဲ့ နိုင်ဂျီးရီးယားတို့ပွဲမှာတော့ အာဂျင်တီးနားအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။

အာဂျင်တီးနားအသင်းအတွက် အနိုင်ဂိုးကို ပထမပိုင်း ၆ မိနစ်မှာ သွင်းယူခဲ့ပါတယ်။

တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် မနက် ၁ နာရီမှာတော့ အုပ်စု C က အင်္ဂလန်နဲ့ အမေရိကန်တို့ ကစားကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG