သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဂျင်တီးနား ကမ္ဘာ့ဖလား ဗိုလ်လုပွဲတက်ပြီ


FIFA World Cup Qatar 2022 - Semi Final - Argentina v Croatia
FIFA World Cup Qatar 2022 - Semi Final - Argentina v Croatia

ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲတွေရဲ့ အင်္ဂါနေ့က အကြိုဗိုလ်လုပွဲမှာ အာဂျင်တီးနားအသင်းက ခရိုအေးရှားအသင်းကို ၃ ဂိုး၊ ဂိုးမရှိနဲ့ အပြတ်သတ် အနိုင်ရပြီး ဗိုလ်လုပွဲကို တက်သွားပြီဖြစ်ပါတယ်။ ပထမပိုင်းပွဲစပြီး ၃၄ မိနစ်မှာ အာဂျင်တီးနားအတွက် ပြစ်ဒဏ်ဘော ရရှိခဲ့တာကို အသင်းခေါင်းဆောင် Lionel Messi က ကန်သွင်းပြီး ပထမဂိုးရခဲ့တာပါ။


နောက်ထပ် ၄ မိနစ်အကြာမှာပဲ ရှေ့တန်းလူ Julian Alvarez က ခပ်သွက်သွက် ဆွဲလာရင်း ကန်သွင်းလိုက် တာကြောင့် အာဂျင်တီးနားအတွက် ဒုတိယဂိုး ထပ်ရခဲ့ပါတယ်။ အာဂျင်တီးနားအတွက် တတိယဂိုးကိုတော့ ဒုတိယပိုင်း ၆၉ မိနစ်လောက်မှာ Messi တင်ပေးလိုက်တဲ့ ဘောလုံးကို Alvarez ကပဲ သွင်းလိုက်တာပါ။

ဒီနေ့ရှုံးခဲ့တဲ့ ခရိုအေးရှား အသင်းကတော့ ဗုဒ္ဓဟူးနေ့ ကစားကြမယ့် ပြင်သစ်နဲ့ မော်ရိုကို အကြိုဗိုလ်လုပွဲစဉ်က ရှုံးတဲ့အသင်းနဲ့ စနေနေ့မှာ တတိယနေရာ လုရမှာ ဖြစ်ပါတယ်။ နိုင်တဲ့အသင်းကတော့ တနင်္ဂနွေနေ့ကျရင် အာဂျင်တီးနား အသင်းနဲ့ ကစားရမှာပါ။ အာဂျင်တီးနားအသင်းက နာမည်ကျော်ကစားသမား Messi အတွက်တော့ ဒီတကြိမ်နဲ့ပါဆိုရင် ကမ္ဘာ့ဖလားဗိုလ်လုပွဲ ကစားတာ ဒုတိယအကြိမ် ဖြစ်ပါလိမ့်မယ်။ ပထမတကြိမ် ၂၀၁၄ ခုနှစ်က ဂျာမနီနဲ့ ကစားတုန်းကတော့ အာဂျင်တီးနားအသင်းက ရှုံးခဲ့ဖူးပါတယ်။ တတိယနေရာလုရမယ့် ခရိုအေးရှားအသင်းဟာ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲတုန်းက ပြင်သစ်အသင်းကို ၄ ဂိုး၊ ၂ဂိုးနဲ့ ရှုံးနိမ့်ကာ ဒုတိယ ရခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

Unicode



XS
SM
MD
LG