သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလားပွဲမှာ နာမည်ကျော် အာဂျင်တီးနားအသင်း ဆော်ဒီကိုရှုံး


An Argentina soccer fan watches the team lose to Saudi Arabia at a World Cup Group C soccer match, played on a large screen in the Palermo neighborhood of Buenos, Aires, Argentina, Nov. 22, 2022.
An Argentina soccer fan watches the team lose to Saudi Arabia at a World Cup Group C soccer match, played on a large screen in the Palermo neighborhood of Buenos, Aires, Argentina, Nov. 22, 2022.

ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ ဖလားပွဲ ပွဲစဉ်တွေရဲ့အင်္ဂါနေ့ အာဂျင်တီးနား နဲ့ ဆော်ဒီအာရေဗျတို့ရဲ့ ပွဲစဉ်မှာ အာဂျင်တီးနားကို ဆော်ဒီအာရေဗျက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒါဟာ ကမ္ဘာမှာ တတိယအကောင်းဆုံး အဖြစ်သတ်မှတ်ခံရတဲ့ အာဂျင်တီးနားနဲ့ အဆင့် ၅၁ အဖြစ် သတ်မှတ်ထားတဲ့ ဆော်ဒီအာရေဗျ တို့ရဲ့ ပွဲစဉ်ဖြစ်ပါတယ်။

ပွဲစပြီး မကြာခင်မှာပဲ Lionel Messi က ပင်နယ်လ်တီနဲ့ ပထမဆုံးဂိုးကို သွင်းနိုင်ခဲ့ပြီး ပွဲစဉ်ပထမပိုင်းမှာ အာဂျင်တီးနားက အသာစီးရနေပေမယ့် ဒုတိယပိုင်းမှာတော့ ဆော်ဒီအာရေဗျက Saleh Alshehri က ၄၈ မိနစ်မှာ ချေပဂိုးသွင်းနိုင်ခဲ့တာကြောင့် ဒီပွဲဟာ စိတ်လှုပ်ရှားစရာ ဖြစ်လာခဲ့တာပါ။ နောက်ထပ် ၅ မိနစ် အကြာမှာ နောက်တဂိုး ထပ်သွင်းပြီး ဆော်ဒီအသင်းက ဦးဆောင်ခဲ့သလို၊ အာဂျင်တီးနားဘက်က အပြင်းအထန် တိုက်စစ်ဆင်တာကို ဆော်ဒီအာရေဗျ ဂိုးသမား Mohammed Alowais က အကြိမ်ကြိမ် ကာကွယ်နိုင်ခဲ့တာကြောင့် ၂ ဂိုး ၁ ဂိုးနဲ့ အဆုံးသတ်ခဲ့ပါတယ်။

အင်္ဂါနေ့ ပွဲစဉ်တွေထဲက မက္ကစီကိုနဲ့ ပိုလန်၊ ဒိန်းမတ်နဲ့ တူနီးရှား ပွဲစဉ်တွေမှာတော့ ဂိုးမရပဲ သရေဖြစ်ခဲ့ကြပါတယ်။ နောက်ဆုံးကစားခဲ့ကြတဲ့ ပြင်သစ်နဲ့ သြစတြေးလျ ပွဲစဉ်မှာတော့ လက်ရှိကမ္ဘာ့ဖလား ချန်ပီယံ ပြင်သစ်အသင်းက သြစတြေးလျကို ၄ ဂိုး၊ ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ပထမပိုင်း ပွဲစပြီး ၉ မိနစ်အကြာမှာ သြစတြေးလျက ပွဲဦးထွက်ဂိုး ရခဲ့ပေမဲ့ နောက်ပိုင်းမှာ ပြင်သစ်က ၄ ဂိုး ဆက်တိုက်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Unicode




XS
SM
MD
LG