သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘရာဇီး အုပ်စုအဆင့်တက်ဖို့ သေချာ

တောင်အာဖရိကနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၀ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တနင်္လာနေ့မှာတော့ အုပ်စု G က ပေါ်တူဂီနဲ့ မြောက်ကိုရီးယားတို့ ကစားကြမှာ ဖြစ်သလို အုပ်စု H က ဆွစ်ဇာလန်နဲ့ ချီလီ၊ ဟွန်ဒူးရပ်စ်နဲ့ စပိန်တို့ ကစားကြမှာ ဖြစ်ပါတယ်။

အခု တနင်္လာနေ့ ကိပ်တောင်းမှာ ပထမဆုံး ကစားမယ့် ပွဲမှာတော့ ပေါ်တူဂီနဲ့ မြောက်ကိုရီးယားတို့ဟာ နောက်အဆင့်ကို တက်နိုင်ဖို့ အနိုင်ကစားကြရမှာ ဖြစ်ပါတယ်။ ပထမပွဲမှာ ဘရာဇီးအသင်းကို နှစ်ဂိုး တဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ မြောက်ကိုရီးယားအသင်းဟာ ၁၉၆၆ ခုနှစ် နောက်ပိုင်းကတည်းကဆိုရင် ကမ္ဘာ့ဖလားပွဲ ဝင်ကစားတာ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ပေါ်တူဂီအသင်းဟာ အိုင်ဗရီကို့စ်အသင်းကို သရေကစားခဲ့ပြီး နောက်ဆုံးပွဲအဖြစ် ဘရာဇီးအသင်းနဲ့ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ပို့တ် အဲလစ်ဇဘက်သ်က အုပ်စု H ကစားပွဲမှာတော့ ဆွစ်ဇာလန်နဲ့ ချီလီတို့ ကစားရမှာပါ။ သူတို့နှစ်သင်းစလုံးဟာ အရင်ပွဲတွေမှာ အနိုင်ရခဲ့သူတွေချည်းပါ။ ဆွစ်ဇာလန်အသင်းဟာ စပိန်အသင်းကို တဂိုး ဂိုးမရှိနဲ့ အနိုင်ယူခဲ့သလို ချီလီကလည်း ဟွန်ဒူးရပ်စ်အသင်းကို အနိုင်ယူထားခဲ့တာပါ။

မနေ့က ကစားပွဲတွေမှာ ပါရာဂွေးအသင်းက စလိုဗက်ကီးယားအသင်းကို နှစ်ဂိုး ဂိုးမရှိနဲ့နိုင်ပြီး လက်ရှိချန်ပီယံ အီတလီအသင်းနဲ့ နယူးဇီလန် အသင်းတို့က တဂိုးစီ သရေကျသွားခဲ့ပါတယ်။

ကမ္ဘာ့ဖလား ၅ ကြိမ်ရ ဘရာဇီးအသင်းကတော့ အိုင်ဗရီကို့စ်ကို သုံးဂိုး တဂိုးနဲ့ အနိုင်ယူပြီး အုပ်စုကတက်ဖို့ သေချာသွားခဲ့ပါပြီ။

This item is part of
XS
SM
MD
LG