သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလား အိမ်ရှင် Brazil နဲ့ မက္ကဆီကို၊ နယ်သာလန်နဲ့ ချီလီ ဒုတိယအဆင့်တက်


Haweeney ubax kasoo uruursatay beer ku taalla magaalada Pampore ee qeybta India ay ka maamusho Kashmir.
Haweeney ubax kasoo uruursatay beer ku taalla magaalada Pampore ee qeybta India ay ka maamusho Kashmir.
တနင်္လာနေ့မှာ ကျင်းပတဲ့ ကမ္ဘာဖလား ဘောလုံးပြိုင်ပွဲတွေမှာ အိမ်ရှင် ဘရားဇီးအသင်း၊ မက္ကဆီကိုအသင်း၊ ချီလီအသင်းတို့ ဒုတိယအဆင့် တက်လာကြပါပြီ။

Brasilia မြို့တော်မှာ ကျင်းပတဲ့ ပွဲမှာတော့ ဘရားဇီးက တစ်ပွဲမှမနိုင်သေးတဲ့ ကင်မရွန်းကို လေးဂိုးတဂိုးနဲ့ အနိုင်ရပြီးတော့ ၇ မှတ်နဲ့ အုပ်စု A ထိပ်ဆုံးမှာ ရှိနေပါတယ်။ Recife မြို့မှာကျင်းပတဲ့ ပွဲမှာတော့ မက္ကဆီကို က ခရိုအေရှားကို သုံးဂိုး တဂိုးနဲ့ အနိုင်ရပြီး သူကလည်း ၇ မှတ်ရရှိထားပေမယ့် ဘရားဇီးက ဂိုးကွာခြားချက်နဲ့ အုပ်စု ဗိုလ်ဖြစ်နေတာပါ။

Sao Paulo မြို့မှာ ကျင်းပတဲ့ အုပ်စု B ပွဲမှာတော့ နယ်သာလန်အသင်းက ပွဲနောက်ပိုင်း လူစားထိုးဝင်လာတဲ့ ကစားသမား နှစ်ဦးဆီက ဂိုးတွေနဲ့ ချီလီကို နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ နယ်သာလန်ရော ချီလီရော ဒုတိယအဆင့်ကိုတော့ တက်သွားကြပါတယ်။ နယ်သာလန်အသင်းကတော့ ကစားခဲ့သမျှ သုံးပွဲစလုံးအနိုင်ရပြီး အုပ်စု ဗိုလ်ဖြစ်နေတာပါ။ ချီလီအသင်းကတော့ သြစတေးလျရော စပိန်အသင်းကို နိုင်ထားတာပါ။

ကမ္ဘာဖလား ချံပီယံဟောင်း စပိန်ကတော့ Curitiba မြို့မှာ ကျင်းပတဲ့ ပွဲမှာ သြစတေးလျကို သုံးဂိုး ဂိုးမရှိနဲ့ အနိုင်ရပေမယ့် သူတို့နှစ်သင်းစလုံး ဒုတိယအဆင့်ကို မတတ်နိုင်ပါဘူး။ စနေနေ့မှာ ကစားမယ့်ပွဲတွေမှာတော့ ဘရားဇီးက ချီလီနဲ့ ကန်မှာဖြစ်ပြီး နယ်သာလန်က မက္ကဆီကိုအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
XS
SM
MD
LG