Brazil မှာ ကစားနေကြတဲ့ ကမ္ဘာ့ဖလားဘောလုံး ဗိုလ်လုပွဲတွေမှာ အုပ်စု C နဲ့ အုပ်စု D က အသင်းတွေ စနေနေ့မှာ ကစားနေကြပါတယ်။
မကြာခင်ကပဲပြီးသွားတဲ့ အင်္ဂလန်နဲ့ အီတလီပွဲမှာ အီတလီက ၂ ဂိုး အင်္ဂလန် ၁ ဂိုးနဲ့ အင်္ဂလန်အသင်း ရှုံးသွားပါတယ်။ အင်္ဂလန်အသင်းဖက်မှာ ကမ္ဘာ့အတေ့ွအကြုံ မရင့်တဲ့ လူငယ်ကစားသမားတွေများပါတယ်။
အီတလီအသင်းဖက်ကလည်း ဝါရင့် ဂိုးသမား ဘူဖွန် ခြေကျင်းဝတ် ဒဏ်ရာ ရထားတဲ့အတွက် ဝင်မကန်နိုင်ပါဘူး၊ စနေနေ့ အစောပိုင်းက
ကန်ကြတဲ့ အုပ်စု C က Colombia နဲ့ Greece ပွဲတုန်းကတော့ Colombia အသင်းက ၃ ဂိုး ဂိုးမရှိနဲ့ နိုင်သွားပါတယ်။ Greece အသင်းဖက်က ဂိုးသွင်းဖို့ အခွင့်အလမ်းတွေ တော်တော်များများရခဲ့ပေမဲ့ တဂိုးမှ ဝင်အောင် မသွင်းနိုင်ခဲ့ပါဘူး။
အုပ်စု D က Uruguay နဲ့ Costa Rica ပွဲမှာတော့ ကမ္ဘာ့ဖလား ချန်ပီယံ ၂ ခါဖြစ်ဖူးတဲ့ Uruguay က Costa Rica ကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးသွားပါတယ်။ စနေနေ့နောက်ပိုင်းကျရင်တော့ ဂျပန်နဲ့ Ivory Coast တို့ ကန်ကြဖို့ရှိပါတယ်ရှင်။