သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလားဘောလုံးဖွင့်ပွဲ ဘရာဇီးလ်ပြင်ဆင်


၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပွဲတွေကို ဒီကနေ့ ဘရာဇီးလ်နိုင်ငံမှာ စတင်တော့မှာနဲ့အတူ နောက်ဆုံး ပြင်ဆင်မှုတွေကို လုပ်နေကြပါတယ်။ ဘရာဇီးလ် မြို့ပေါင်း ၁၂ မြို့မှာ ဘောလုံးပွဲတွေ ကျင်းပမှာနဲ့အတူ၊ လက်စသတ်ဖို့ လိုနေသေးတဲ့ ဘောလုံးကွင်းတွေ၊ လေဆိပ်တွေ၊ လမ်းတွေမှာ အပြီးသတ် လိုအပ်တာတွေကို လုပ်နေကြပါတယ်။

ဒီကနေ့ ကြာသပတေးနေ့မှာ ဖွင့်ပွဲအဖြစ် ဘရာဇီးလ်နဲ့ ခရိုအေးရှား ကန်ကြမယ့် Sao Paulo မြို့တော်က ဘောလုံးကွင်း တချို့နေရာတွေ ဆောက်လုပ်ဆဲဖြစ်ပြီး ကြံ့ခိုင်မှု ရှိ မရှိ စစ်ဆေးမှု မလုပ်ရသေးဘူးလို့ လေ့လာသူတွေက ပြောကြ ပါတယ်။ ဖွင့်ပွဲမှာတော့ စီစဉ်ထားတဲ့အတိုင်း နာမည်ကြီးအဆိုတော် Jennifer Lopez နဲ့ Pitbull တို့က ဒီနှစ် ကမ္ဘာ့ဖလားပွဲ သီချင်းဖြစ်တဲ့ 'We Are One (Ole Ola)' ဆိုတဲ့ သီချင်းကို သီဆိုဖျော်ဖြေကြမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပွဲမတိုင်ခင် အစိုးရဆန့်ကျင် ဆန္ဒပြမှုတွေ ဘရာဇီးလ်မှာ ရှိခဲ့ပေမဲ့ ဘောလုံးပွဲကာလအတွင်း ခွင့်ပြုမှာ မဟုတ်ဘူးလို့ အစိုးရက ပြောထားပါတယ်။ လုံခြုံရေးကိုလည်း အထူး တင်းကျပ်ထားပါတယ်။ ဗိုလ်လုပွဲဝင်ကြမယ့် နိုင်ငံတကာ အသင်းတွေလည်း ဘရာဇီးလ်မှာ ရောက်နေကြပြီး ပြင်ဆင်လေ့ကျင့်နေကြပါတယ်။
XS
SM
MD
LG