သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဘဝဲဟောကိန်း စပိန်နိုင်မည်


ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွေအတွင်းမှာ ဘယ်အသင်းနိုင်မယ် ဆိုတာကို ကြိုတင်ခန့်မှန်းလို့ နာမည်ကြီးနေတဲ့ ဂျာမနီက ရေဘဝဲဟာ အခုလဲ ကမ္ဘာ့ဖလား ဘယ်သူဖြစ်မယ် ဆိုတာကို ကြိုတင်ခန့်မှန်းလိုက်ပြန်ပါပြီ။

တနင်္ဂနွေမှာ ဗိုလ်လုကြမဲ့ စပိန်နဲ့ နယ်သာလန် ၂ သင်းမှာ ဘယ်အသင်းနိုင်မလဲ ဆိုတာ ခန့်မှန်းခိုင်းတဲ့ အနေနဲ့ ရေဘဝဲ ပေါလ် (Paul) ကို စပိန်အလံ ကပ်ထားတဲ့မှန်ပုံးနဲ့ နယ်သာလန် အလံကပ်ထားတဲ့ မှန်ပုံး ၂ ခုမှာ သူ့အစာတွေ ထည့်ပြီး ကျွေးတာပါ။

အဲဒီမှာ ရေဘဝဲက စပိန်အလံကပ်ထားတဲ့ ပုံးထဲက အစာကိုဝင်စားပြီး စပိန်နိုင်မယ်လို့ ခန့်မှန်းခဲ့တာဖြစ်ပါတယ်။ အခု သူ့ရဲ့ ခန့်မှန်းချက် ဘယ်လောက် မှန်မယ်ဆိုတာ မပြောနိုင်ပေမဲ့ အရင်တလျှာက်လုံးကတော့ သူ့ခန့်မှန်းချက်တွေ မှန်ခဲ့တာ ကွာတားမှာ ဂျာမနီရှံးသွားတဲ့ပွဲ အပါအဝင်ပါပဲ။

မနက်ဖြန် စနေနေ့ ကစားမယ့် ကမ္ဘာ့ဖလား တတိယနေရာ လုပွဲမှာတော့ ဥရုဂွေး အသင်းကို ဂျာမနီနိုင်မယ်လို့ ရေဘဝဲလေး ပေါလ် က ခန့်မှန်းထားပါတယ်။

XS
SM
MD
LG