သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမနီနဲ့ ဘရာဇီး ကမ္ဘာ့ဖလား ဆီးမီးဖိုင်နယ် တက်


ဘရာဇီး အသင်း အားပေးတဲ့ပရိတ်သတ်။
ဘရာဇီး အသင်း အားပေးတဲ့ပရိတ်သတ်။

ကမ္ဘာ့ဖလားဘောလုံးပွဲမှာတော့ အိမ်ရှင် ဘရာဇီး နဲ့ ဂျာမနီတို့ အနိုင်ရပြီးတော့ ဆီမီးဖိုင်နယ်ကို တက်သွားကြပါပြီ။ သောကြာနေ့က ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေကို ကစားခဲ့တာမှာ မာရာကနာကွင်းမှာတော့ ဂျာမနီက ပြင်သစ်ကို ၁ ဂိုး ဂိုးမရှိ နဲ့ နိုင်သွားတာပါ။ ဂျာမနီ အတွက် ၁ လုံးတည်းသော အနိုင်ဂိုးကို ဒေါ့မန်နောက်တန်းလူ Mats Hummels က ၁၃ မိနစ်မှာ ပြစ်ဒဏ်ဘောကနေ တဆင့်ခေါင်းတိုက်သွင်းယူခဲ့တာပါ။

ဒီပွဲမှာ ၂ သင်းစလုံးဂိုးသွင်းခွင့်တွေ အပြန်အလှန်ရခဲ့ပေမယ့် ၂ ဘက်ဂိုးသမားတွေ လက်စွမ်းပြသွားခဲ့ပါတယ်။ ပွဲပြီးခါနီး နောက်ဆုံးမိနစ်မှာ ပြင်သစ်တိုက်စစ်မှူး ဘန်ဇီးမားရဲ့ ကန်ချက်ကို ဂျာမန်ဂိုးသမား ပုတ်ထုတ်ကာကွယ်လိုက်လို့ သရေမဖြစ်ပဲ နောက်ဆုံးမှာ ဂျာမနီက အနိုင်ရသွားတာပါ။


Fortaleza မှာ ကစားတဲ့ အိမ်ရှင် ဘရာဇီး နဲ့ ကိုလံဘီယာပွဲမှာတော့ အိမ်ရှင်ဘရာဇီးက ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ပါတယ်။ ဘရာဇီးအတွက် ပထမဂိုးကို ပထမပိုင်း ၇ မိနစ်မှာ ထောင့်ကန်ဘောကနေ တဆင့် အသင်းခေါင်းဆောင် Thiago Silva က သွင်းယူခဲ့တာပါ။ ဒုတိယဂိုးကိုတော့ ဘရာဇီးနောက်တန်းအလယ်လူ David Luiz က ၆၉ မိနစ်မှာ ဖရီးကစ်ကနေ တဆင့် သွင်းယူသွားခဲ့တာပါ။ မိနစ် ၈၀ မှာ ကိုလံဘီယာအသင်း ပယ်နယ်တီရလို့ အဲဒီ ပယ်နယ်တီကို Rodriguez က သွင်းပေးခဲ့ပါတယ်။

ဒါဟာ ရိုဒရီဂတ်စ်အတွက်တော့ ဒီကမ္ဘာ့ဖလားမှာ ၆ ဂိုးမြောက်ပါ။ ကိုလံဘီယာက ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့်လည်း နောက်ထပ် ဂိုးတွေ မသွင်းနိုင်ဘဲ ပွဲပြီးသွားလို့ နောက်ဆုံးမှာ ဘရာဇီး ၂ ဂိုး ၁ ဂိုး နဲ့ နိုင်သွားတာပါ။ ဒါကြောင့် ဆီမီးဖိုင်နယ်မှာတော့ အိမ်ရှင် ဘရာဇီး နဲ့ ဂျာမနီတို့ တွေ့ကြမှာဖြစ်ပါတယ်။ ဒီကနေ့ ဒုတိယနေ့ ကွာတားဖိုင်နယ်ပွဲတွေအဖြစ်နဲ့ နယ်သာလန် နဲ့ ကော့စတာရီကာ၊ အာဂျင်တီးနား နဲ့ ဘယ်လ်ဂျီယမ်တို့ ကစားကြမှာပါ

XS
SM
MD
LG