သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်နဲ့ Costa Rica ကမ္ဘာ့ဖလား ဒုတိယအဆင့် တတ်


France နဲ့ Switzerland ပွဲစဉ်မြင်ကွင်း။
France နဲ့ Switzerland ပွဲစဉ်မြင်ကွင်း။
ကမ္ဘာ့ဖလား ဘောလုံး ဗိုလ်လုပွဲတွေကို သောကြာနေ့က ဆက်လက် ကျင်းပရာမှာ အုပ်စု D ပွဲစဉ်မှာတော့ Costa Rica အသင်းက အီတလီအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားတဲ့အတွက် ဒုတိယအဆင့်ကို တက်သွားပြီ ဖြစ်ပါတယ်။

Costa Rica အသင်း အခုလို အနိုင်ရလိုက်တဲ့အတွက် အုပ်စု D မှာ ပါနေတဲ့ အင်္ဂလန်အသင်းအနေနဲ့ ဒုတိယအဆင့် ရှုံးထွက်ပွဲတွေကို တက်နိုင်ခြေ လုံး၀ ကင်းဝေးသွားပြီ ဖြစ်ပါတယ်။ အင်္ဂလန်အသင်းအနေနဲ့ ဒုတိယအဆင့် ရှုံးထွက်ပွဲတွေကို ၁၉၅၈ ခုနှစ်ကစပြီး တောက်လျှောက် တက်လာခဲ့တာ ဖြစ်ပါတယ်။

သောကြာနေ့ကစားတဲ့ အုပ်စု E ပွဲစဉ်မှာတော့ ပြင်သစ်အသင်းက ဆွစ်ဇာလန်အသင်းကို ၅ ဂိုး ၂ ဂိုးနဲ့ အပြတ်အသတ် အနိုင်ရသွားတဲ့အတွက် ဒုတိယအဆင့်ကို သေချာပေါက် တက်သွားပြီ ဖြစ်ပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာရဲ့ သတ်မှတ်ချက်တွေအရ ဆွစ်ဇာလန်အသင်းဟာ ကမ္ဘာ့အဆင့် ၆ မှာ ရှိနေတာပါ။

အုပ်စု E က ဒုတိယပွဲစဉ်ဖြစ်တဲ့ Honduras နဲ့ Ecuador ပွဲစဉ်မှာတော့ ပထမပိုင်း ပြီးတဲ့အချိန်ထိ ၁ ဂိုးစီ သရေဖြစ်နေခဲ့ရာက ဒုတိယပိုင်းမှာ Ecuador အသင်းက နောက်ထပ်တစ်ဂိုး သွင်းလိုက်နိုင်တဲ့အတွက် ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။

Ecuador နဲ့ ပြင်သစ်အသင်းတို့ ဗုဒ္ဓဟူးနေ့မှာ အုပ်စုနောက်ဆုံး ပွဲစဉ်ကို ကစားကြမှာ ဖြစ်ပြီး Honduras အသင်းကတော့ သောကြာနေ့မှာ ရှုံးသွားတဲ့အတွက် အုပ်စုဒုတိယအဆင့်ကို တက်နိုင်မှာ မဟုတ်တော့ပါဘူး။
XS
SM
MD
LG