သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်နဲ့ ဥရုဂွေး ကွာတားဖိုင်နယ်တက်


ဥရုဂွေးအတွက် ဒုတိယဂိုးကို သွင်းယူနေသည့် Cavani ။ ၃၀ ဇွန် ၂၀၁၈။
ဥရုဂွေးအတွက် ဒုတိယဂိုးကို သွင်းယူနေသည့် Cavani ။ ၃၀ ဇွန် ၂၀၁၈။

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်မှာ ပြင်သစ်နဲ့ ဥရုဂွေးတို့ ယှဉ်ပြိုင် ကစားကြရတော့မှာဖြစ်ပါတယ်။

၁၆ သင်း ရှုံးထွက်ပွဲစဉ်တွေကို စနေနေ့ကစပြီး ယှဉ်ပြိုင်ကစားကြတာမှာ ဥရုဂွေးက ပေါ်တူဂီကို ၂ ဂိုး ၁ ဂိုး၊ ပြင်သစ်က အာဂျင်တီးနားကို ၄ ဂိုး ၃ ဂိုးနဲ့ အသီးသီးအနိုင်ရပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်သွားကြတာပါ။

ဥရုဂွေးအတွက် အဖွင့်ဂိုးကို Cavani နဲ့ Suarez တို့နှစ်ဦး ဟိုဘက်ဒီဘက် ခပ်လှမ်းလှမ်းစီ ကနေ အပေးအယူလုပ်ပြီး Cavani က ၇ မိနစ်မှာ သွင်းယူပါတယ်။ ပေါ်တူဂီအတွက် ခြေပဂိုးကိုတော့ ဒုတိယပိုင်း ၅၅ မိနစ်မှာ ထောင့်ကန်ဘော တင်ပေးလိုက်တာကို Pepe က ခေါင်းတိုက်သွင်းယူတာပါ။

ဥရုဂွေးအတွက် ဒုတိယဂိုးကို Cavani ကပဲ ၆၂ မိနစ်မှာ ကန်သွင်းယူပါတယ်။ အဲဒီနောက် သိပ်မကြာခင်မှာ Cavani ဒဏ်ရာရ သွားပြီး လူစားလဲလိုက်ရပါတယ်။

လက်တင်အမေရိက နာမည်ကျော် အသင်းတသင်းဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး ဘောလုံး သမားတဦးဖြစ်သူ မက်ဆီပါတဲ့ အာဂျင်တီးနားအသင်းကတော့ ဥရောပထိပ်သီး ပြင်သစ် ကို ၄ ဂိုး ၃ ဂိုးနဲ့ရှုံးပြီး ထွက်သွားရပါပြီ။

ဒီပွဲမှာ ပြင်သစ်အသင်းက တိုက်စစ်အသာ၊ ခြေအသာနဲ့ ကစားပြီး ထိုက်ထိုက်တန်တန် အနိုင်ရသွားတယ်လို့ ဆိုရမှာပါ။ ပြင်သစ် အတွက်အဖွင့်ဂိုးက ပယ်နယ်လ်တီကနေတဆင့် ရတာဖြစ်ပြီး Griezmann က အပိုင်သွင်းယူပါတယ်။

ပထမပိုင်းပြီးခါနီး ၄၁ မိနစ်မှာ Di Maria က ဂိုးစည်းအပြင် ကိုက် ၃၀ ကျော်ကနေ အပြင်းကန်သွင်းတဲ့ဘောလုံး ဂိုးဝင်သွားတဲ့ အတွက် အာဂျင်တီးနားတို့ ချေပဂိုးရပြီး ပထမပိုင်းအပြီးမှာ တဘက် ၁ ဂိုးစီနဲ့ သရေကျနေပါတယ်။

ဒုတိယပိုင်းစပြီး သိပ်မကြာခင်မှာပဲ ၄၈ မိနစ်မှာ Mercado က အာဂျင်တီးနားအတွက် ဦးဆောင်ဂိုးကိုသွင်းယူပြီး ၂ ဂိုး ၁ ဂိုးဖြစ် သွားပေမဲ့ သိပ်မကြာလိုက်ဘဲ ၅၇ မိနစ်မှာ Pavard ၊ ၆၄ မိနစ်နဲ့ ၆၈ မိနစ်မှာ Mbappe က ၂ ဂိုးဆက်တိုက်သွင်းယူတာကြောင့် ၄ ဂိုး ၂ ဂိုးဖြစ်သွားပါတယ်။

ပြင်သစ်အတွက် စတုတ္ထဂိုးသွင်းပြီး အောင်ပွဲခံနေသည့် Mbappe ။ ၃၀ ဇွန် ၂၀၁၈။
ပြင်သစ်အတွက် စတုတ္ထဂိုးသွင်းပြီး အောင်ပွဲခံနေသည့် Mbappe ။ ၃၀ ဇွန် ၂၀၁၈။

မိနစ် ၉၀ ပြည့်အပြီး နာကျင်အချိန်ပို ၃ မိနစ်မှာ Aguero က အာဂျင်တီးနားအတွက် ချေပဂိုးတဂိုး ထပ်သွင်းပေမဲ့ အချိန်မမီတော့ ဘဲ အာဂျင်တီနားအသင်း ၄ ဂိုး ၃ ဂိုးနဲ့ ရှုံးနိမ့်သွားတာပါ။

၂၀၁၄ ကမ္ဘာ့ဖလားပွဲတုန်းက ဗိုလ်လုပွဲထိရောက်ပြီး ဂျာမနီကိုရှုံးတာကြောင့် ဖလားနဲ့ လွဲထားတဲ့ အာဂျင်တီးနားအသင်းဟာ ဒီ တကြိမ်မှာတော့ ၁၆ သင်း ရှုံးထွက်အဆင့်ကနေ အိမ်ပြန်သွားရပါပြီ။

ပြင်သစ်အသင်းကို ရှုံးနိမ့်ပြီးနောက် စိတ်ပျက်လက်ပျက်ဖြစ်နေသည့် Messi ။ ၃၀ ဇွန် ၂၀၁၈။
ပြင်သစ်အသင်းကို ရှုံးနိမ့်ပြီးနောက် စိတ်ပျက်လက်ပျက်ဖြစ်နေသည့် Messi ။ ၃၀ ဇွန် ၂၀၁၈။

ပြင်သစ်အသင်းဟာ ၂၀၁၄ ခုနှစ်က ကွာတားဖိုင်နယ်မှာ ဂျာမနီအသင်းကိုရှုံးပြီး ထွက်သွား ရပြီးတဲ့နောက် အခု ၂၀၁၈ မှာ ကွာတားဖိုင်နယ်အဆင့်ကို ထပ်တက်လာတာပဲဖြစ်ပါ တယ်။

တနင်္ဂနွေနေ့မှာတော့ စပိန်နဲ့ အိမ်ရှင်ရုရှား၊ ခရိုအေးရှားနဲ့ ဒိန်းမတ်တို့ ယှဉ်ပြိုင်ကစားကြ မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG