သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလား ပြင်သစ် နှင့် ဂျာမနီ ကွာတားဖိုင်နယ်တက်


ဂျာမနီ အသင်းက Jerome Boateng (ယာ) အယ်လ်ဂျီးရီးယားက Islam Slimani ဆီက ဘောလုံးကို ဖျက်ထုတ်နေစဉ်။ (ဂျွန် ၃၀၊ ၂၀၁၄)
ဂျာမနီ အသင်းက Jerome Boateng (ယာ) အယ်လ်ဂျီးရီးယားက Islam Slimani ဆီက ဘောလုံးကို ဖျက်ထုတ်နေစဉ်။ (ဂျွန် ၃၀၊ ၂၀၁၄)

ဘရာဇီးနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလား ဘောလုံး ပွဲတွေမှာတော့ ဂျာမနီနဲ့ ပြင်သစ်အသင်းတို့ ကွာတားဖိုင်နယ်ကို တက်သွားပြီ ဖြစ်ပါတယ်။

မြန်မာစံတော်ချိန် အင်္ဂါနေ့မနက်အစောပိုင်းက Porto Alegre မှာ ကစားတဲ့ ဂျာမနီနဲ့ အယ်လ်ဂျီးရီးယားပွဲမှာတော့ ၂ ဘက်စလုံး အတော်လေး အကြိတ်အနယ် ရေကုန်ရေခမ်းကစားပြီး ဂျာမနီက ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရသွားပါတယ်။

မိနစ် ၉၀ အထိ ၂ ဘက်စလုံး ဂိုးသွင်းခွင့်တွေရခဲ့ပေမယ့် ဂိုးမသွင်းနိုင်ကြတာကြောင့် အချိန်ပိုကစားခဲ့တာမှာ အချိန်ပို စစချင်းမှာပဲ ချယ်ဆီး တိုက်စစ်မှူး ရှာလာက သွင်းယူပေးခဲ့တာပါ။ ဒုတိယဂိုးကိုတော့ အိုးဇေးလ်က မိနစ် ၁၂၀ မှာ သွင်းခဲ့တာပါ။ ဒါပေမဲ့ ၁ မိနစ်အတွင်းမှာ အယ်လ်ဂျီးရီးယားက ၁ ဂိုး ပြန်သွင်းခဲ့လို့ နောက်ဆုံးမှာ ဂျာမနီက ၂ ဂိုး ၁ ဂိုး နဲ့ နိုင်သွားတာပါ။

မြို့တော် Brasilia မှာကစားတဲ့ ပြင်သစ်နဲ့ နိုင်ဂျီးရီးယားပွဲမှာတော့ ပြင်သစ်အသင်း အတော်လေးကို ခက်ခက်ခဲခဲကစားပြီး နောက်ဆုံးမှာ ၂ ဂိုး ဂိုးမရှိနဲ့ နိုင်သွားပါတယ်။ ပြင်သစ်အတွက်ဂိုးတွေကိုတော့ ၇၉ မိနစ်မှာ ပေါ့ဂ်ဘာက ခေါင်းတိုက်သွင်းယူခဲ့ပြီး ဒုတိယဂိုးကတော့ ဒဏ်ရာရအချိန်ပိုမှာ နိုင်ဂျီးရီးယားဘက်က ကိုယ့်ဂိုးကိုယ်သွင်းလို့ ပြင်သစ်က ၂ ဂိုး ဂိုးမရှိ နဲ့ နိုင်သွားတာပါ။

ဒါကြောင့် ဂျာမနီ နဲ့ ပြင်သစ်အသင်းတို့ လာမယ့် ဇူလိုင် ၄ ရက်နေ့ကျရင်တော့ ကွာတားဖိုင်နယ် ကစားရမှာဖြစ်ပါတယ်ခင်ဗျာ။

ကွာတားဖိုင်နယ်ရောက် ပြင်သစ်နဲ့ဂျာမနီတို့ရဲ့ ကစားကွက်များ။

XS
SM
MD
LG