တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲတွေမှာ စလိုဗေးနီးယား၊ ဂါနာနဲ့ ဂျာမဏီတို့ အနိုင်ရရှိသွားကြပါတယ်။ တနင်္ဂနွေနေ့က နောက်ဆုံးပွဲအဖြစ် အုပ်စု ဒီ က ဂျာမဏီနဲ့ သြစတြေးလျတို့ ကစားရာမှာ ဂျာမဏီက ၄ ဂိုး ဂိုးမရှိနဲ့ နိုင်သွားပါတယ်။
အုပ်စု ဒီ မှာ ဂါနာအသင်းက ဆာဘီးယား အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ နိုင်ပြီး ကမ္ဘာ့ဖလားပွဲမှာ ပထမဆုံး အနိုင်ရရှိတဲ့ အာဖရိကတိုက်အသင်း ဖြစ်သွားပါတယ်။ ဆာဘီးယား နောက်ခံလူ Zdravko Kuzmanovic လက်ထိဘောကြောင့် ရရှိတဲ့ ပယ်နယ်တီဂိုးကို Asomoah Gyan က ၈၅ မိနစ်မှာ ပယ်နယ်တီ ကန်သွင်းခဲ့တာပါ။
အုပ်စု ဒီ မှာ ဂျာမဏီနဲ့ ဂါနာက ၃ မှတ်စီ တူနေပေမဲ့ ဂိုးကွာခြားချက်အရ ဂျာမဏီက ထိပ်ဆုံးမှာ ရှိနေပြီး ဂါနာက အုပ်စုဒုတိယ၊ ဆာဘီးယားနဲ့ သြစတြေးလျတို့ကတော့ အမှတ်မရသေးဘဲ အုပ်စု တတိယနဲ့ စတုတ္ထနေရာမှာ အသီးသီး ရှိနေကြပါတယ်။