သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်သာလန်အသင်း ဖိုင်နယ်တက်ပြီ


ဇူလိုင်လ ၆ ရက်နေ့က တောင်အာဖရိကနိုင်ငံမှာ ပြုလုပ်နေတဲ့ ၁၉ ကြိမ်မြောက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲရဲ့ ပထမ အကြိုဗိုလ်လုပွဲမှာ နယ်သာလန်အသင်းက ဥရုဂွေးအသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရပြီး နောက်ဆုံး ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပါပြီ။

ပထမပိုင်းမှာ တဘက် တဂိုးစီနဲ့ သရေဖြစ်နေပြီး ဒုတိယပိုင်းမှာတော့ နယ်သာလန်က နောက်ထပ် ၂ ဂိုး၊ ဥရုဂွေးက ပွဲပြီးခါနီးမှ ကပ်ပြီး နောက်ထပ် ၁ ဂိုး သွင်းယူခဲ့ကြပါတယ်။

ပထမပိုင်း ၁၈ မိနစ်မှာ နယ်သာလန်အသင်းရဲ့ ခေါင်းဆောင် ဂျီယိုဗန်နီက ပထမဂိုး သွင်းယူခဲ့ပြီး ပထမပိုင်း ၄၁ မိနစ်မှာပဲ ဥရုဂွေး ရှေ့တန်းတိုက်စစ်မှူး ဒီဂို ဖော်လန်က ချေပဂိုး သွင်းယူခဲ့ပါတယ်။

ဒုတိယပိုင်း ၂၅ မိနစ်မှာ နယ်သာလန်အသင်းက နာမည်ကျော် တိုက်စစ်မှူး ရှနိုက်ဒါက ၁ ဂိုး၊ နောက်ထပ် သုံးမိနစ်အကြာ ဒုတိယပိုင်း ၂၈ မိနစ်မှာ နယ်သာလန်အသင်းကပဲ ရော်ဘင်က တတိယဂိုးကို သွင်းယူခဲ့ပါတယ်။ ပွဲပြီးခါနီး မိနစ်ပိုင်းအလိုမှာပဲ ဥရုဂွေးအသင်းက ဖယ်ရီးယားက ဖရီးကစ်ကတဆင့် ဒုတိယဂိုးကို သွင်းယူလိုက်တဲ့အတွက် ဒီနေ့ပွဲဟာ ၃ ဂိုး ၂ ဂိုးနဲ့ ပြီးဆုံးသွားပြီး နယ်သာလန်အသင်းဟာ ဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါပြီ။

၁၉၇၄၊ ၁၉၇၈ ကမ္ဘာ့ဖလား ဘောလုံးပွဲတွေမှာလည်း နယ်သာလန်အသင်းဟာ နောက်ဆုံး ဗိုလ်လုပွဲအထိ တက်ရောက်ခဲ့ပြီး နှစ်ကြိမ်စလုံး ကမ္ဘာ့ဖလား ဒုတိယဆုနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

မနက်ဖြန်မှာတော့ ဂျာမဏီအသင်းနဲ့ စပိန်အသင်းတို့ ဒုတိယ အကြိုဗိုလ်လုပွဲ ကစားကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG