သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်၊ နယ်သာလန် နှစ်သင်း ကမ္ဘာ့ဖလား တနင်္လာနေ့ ပွဲစဉ်တွေမှာ အနိုင်ရ


မနေ့ တနင်္လာနေ့က ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ အုပ်စု E မှာ နယ်သာလန်အသင်းက ဒိန်းမတ်အသင်းကို ၂ ဂိုး ဂိုးမရှိ၊ ဂျပန်အသင်းက ကင်မရွန်းအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားကြပါတယ်။

အုပ်စု F မှာတော့ အီတလီနဲ့ ပါရာဂွေး အသင်းတို့ ၁ ဂိုးစီ သရေကျသွားပါတယ်။ ဒီနေ့မှာတော့ ဘရာဇီးနဲ့ မြောက်ကိုရီးယား၊ နယူးဇီလန်နဲ့ စလိုဗက်ကီးယား၊ အိုင်ဗရီကို့စ်နဲ့ ပေါ်တူဂီတို့ ကစားကြမှာပါ။

အိုင်ဗရီကို့စ်ရဲ့ အသင်းခေါင်းဆောင် ချယ်ဆီးအသင်းက ကမ္ဘာကျော် ရှေ့တန်း ဘောလုံးသမား ဒီဒီယာ ဒရော့ဘာ (Didier Drogba) က သူ ပါနိုင် မပါနိုင်ကို ပွဲမစမီ ၂ နာရီ အလိုမှာမှ ဆုံးဖြတ်နိုင်မယ်လို့ ပြောပါတယ်။

ကမ္ဘာ့ဖလားပွဲ အကြို ဂျပန်နဲ့ ခြေစမ်းပွဲမှာ သူ့ရဲ့ ညာဘက်လက်မောင်း ကျိုးသွားခဲ့ရတာ ဖြစ်ပါတယ်။ ကျိုးနေတဲ့ လက်မောင်းအရိုး ကျပ်စည်းထားတာနဲ့ ကစားဖို့ ခွင့်ပြုချက်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ပေးမှသာ သူ ကစားနိုင်မှာ ဖြစ်ပါတယ်။ သူစည်းထားတဲ့ ကျပ်က တခြား အားကစားသမားတွေကို ထိခိုက်နိုင် မထိခိုက်နိုင် ဘောလုံးအဖွဲ့ချုပ်က ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

အုပ်စု G မှာ အိုင်ဗရီကို့စ်၊ ပေါ်တူဂီ၊ ဘရာဇီးနဲ့ မြောက်ကိုရီးယားတို့ ပါဝင်ကြတဲ့အတွက် ဒီနှစ် ကမ္ဘာ့ဖလားပွဲမှာ အကျပ်ဆုံး အုပ်စုလို့ လူသိကြပါတယ်။

XS
SM
MD
LG