သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကမာၻ႔ဖလား ေဘာလုံးသမားေတြ မတူကဲြျပားမႈေထာက္ခံတဲ့ လက္ေမာင္းတံဆိပ္မတပ္ဖို႔ FIFA သတိေပး


အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီး Antony Blinken နဲ႔ ကာတာႏုိင္ငံျခားေရး၀န္ႀကီး Mohammed Bin Adbulrahman Al Thani သတင္းစာရွင္းလင္းပြဲက်င္းပ

ကမၻာ့ဖလားေဘာလုံးပြဲမွာ မတူကြဲျပားသူေတြအားလုံးပါ၀င္ႏုိင္ေစေရး အားေပးေထာက္ခံတဲ့လကၡဏာအျဖစ္ လက္ေမာင္းစည္းတပ္ၾကတဲ့ အားကစားသမားေတြကို အ၀ါကဒ္ျပၿပီး ျပစ္ဒဏ္ေပးမယ့္ FIFA ကမၻာ့ေဘာလုံးအဖြဲ႔ခ်ဳပ္ရဲ ၿခိမ္းေျခာက္မႈကို အေမရိကန္နုိင္ငံျခားေရး၀န္ႀကီး Antony Blinlen ကေ၀ဖန္လိုက္ပါတယ္။

“လြတ္လပ္စြာဆႏၵထုတ္ေဖာ္ခြင့္ကိုကန္႔သတ္တဲ့လုပ္ရပ္ေတြျမင္ရတုိင္း က်ေနာ္အၿမဲစိုးရိမ္မိပါတယ္၊ အထူးသျဖင့္ မတူကြဲျပားမႈနဲ႔ပတ္သက္လာရင္ပိုစိိုးရိမ္မိပါတယ္။ က်ေနာ့္အျမင္အရဆိုရင္ေတာ့ ေဘာလုံးသမားေတြအေနနျ႔ ကုိုယ္႔ အသင္းအတြက္ ကစားရမလားဒါမွမဟုတ္ ကိုယ္တန္ဖိုးထားတဲ့လုပ္ရပ္ကို ဆက္ေထာက္ခံမလားဆိုတာ ေရြးခ်ယ္ဖို႔ဖိအားေပးခံရတာမ်ိဳးေတာ့ မျဖစ္သင့္ပါဘူး” လို႔ အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီး Antony Blinken က အဂၤါေန႔မွာ ေျပာဆိုသြားတာပါ။

၀န္ႀကီး Blinken ဟာတနလၤာေန႔မွာ ကာတာႏုိင္ငံကိုေရာက္ရွိခဲ့တာျဖစ္ၿပီး ကမၻာ့ဖလားေဘာလုံးပြဲမွာကစားၾကမယ့္အသင္းသားေတြနဲ႔ ေတြ႔ဆုံခဲ့သလို အေမရိကန္နဲ႔ Wales အသင္းတို႔ကစားတဲ့ပြဲကိုလည္း တနလၤာေန႔ညမွာ ၾကည့္ရႈအားေပးခဲ့ပါတယ္။ မတူကြဲျပားသူအားလုံးပါ၀င္ႏုိင္ေစေရး“One Love”ဆိုတဲ့ ဒီလႈပ္ရွားမႈကို မစခင္နာရီပိုင္းအလိုမွာပဲ လက္ေမာင္းစည္းတပ္တဲ့ ေဘာလုံးသမားေတြကို အ၀ါကဒ္ျပမယ္လို႔ FIFA ကသတိေပးခဲ့ပါတယ္။ အ၀ါကဒ္၂ ခါျပခံရရင္ ပြဲကထုတ္ခံရမွာျဖစ္ပါတယ္။

ဒီကိစၥနဲ႔ပတ္သက္လို႔ FIFA ကိုဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ ခ်က္ခ်င္းအေၾကာင္းျပန္ၾကားတာမ်ိဳးမရွိေသးပါဘူး။ One Love စာတန္းပါလက္ေမာင္းစည္းေတြကို တနလၤာေန႔တုန္းက အားကစားသမားေတြ၀တ္တာမ်ိဳးမရွိခဲ့ေပမယ့္ ဥေရာပအသင္း ၇ သင္းတို႔ကေတာ့ လက္ေမာင္းစည္းတပ္ဖို႔ ျပင္ဆင္ထားခဲ့ေၾကာင္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

ကမ္ဘာ့ဖလားဘောလုံးပွဲမှာ မတူကွဲပြားသူတွေအားလုံးပါဝင်နိုင်စေရေး အားပေးထောက်ခံတဲ့လက္ခဏာအဖြစ် လက်မောင်းစည်းတပ်ကြတဲ့ အားကစားသမားတွေကို အဝါကဒ်ပြပြီး ပြစ်ဒဏ်ပေးမယ့် FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ ခြိမ်းခြောက်မှုကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinlen ကဝေဖန်လိုက်ပါတယ်။

“လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်ကိုကန့်သတ်တဲ့လုပ်ရပ်တွေမြင်ရတိုင်း ကျနော်အမြဲစိုးရိမ်မိပါတယ်၊ အထူးသဖြင့် မတူကွဲပြားမှုနဲ့ပတ်သက်လာရင်ပိုစိုးရိမ်မိပါတယ်။ ကျနော့်အမြင်အရဆိုရင်တော့ ဘောလုံးသမားတွေအနေနြ့ ကိုယ့် အသင်းအတွက် ကစားရမလားဒါမှမဟုတ် ကိုယ်တန်ဖိုးထားတဲ့လုပ်ရပ်ကို ဆက်ထောက်ခံမလားဆိုတာ ရွေးချယ်ဖို့ဖိအားပေးခံရတာမျိုးတော့ မဖြစ်သင့်ပါဘူး” လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က အင်္ဂါနေ့မှာ ပြောဆိုသွားတာပါ။

ဝန်ကြီး Blinken ဟာတနင်္လာနေ့မှာ ကာတာနိုင်ငံကိုရောက်ရှိခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလားဘောလုံးပွဲမှာကစားကြမယ့်အသင်းသားတွေနဲ့ တွေ့ဆုံခဲ့သလို အမေရိကန်နဲ့ Wales အသင်းတို့ကစားတဲ့ပွဲကိုလည်း တနင်္လာနေ့ညမှာ ကြည့်ရှုအားပေးခဲ့ပါတယ်။ မတူကွဲပြားသူအားလုံးပါဝင်နိုင်စေရေး“One Love”ဆိုတဲ့ ဒီလှုပ်ရှားမှုကို မစခင်နာရီပိုင်းအလိုမှာပဲ လက်မောင်းစည်းတပ်တဲ့ ဘောလုံးသမားတွေကို အဝါကဒ်ပြမယ်လို့ FIFA ကသတိပေးခဲ့ပါတယ်။ အဝါကဒ်၂ ခါပြခံရရင် ပွဲကထုတ်ခံရမှာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ FIFA ကိုဆက်သွယ်မေးမြန်းခဲ့ပေမယ့် ချက်ချင်းအကြောင်းပြန်ကြားတာမျိုးမရှိသေးပါဘူး။ One Love စာတန်းပါလက်မောင်းစည်းတွေကို တနင်္လာနေ့တုန်းက အားကစားသမားတွေဝတ်တာမျိုးမရှိခဲ့ပေမယ့် ဥရောပအသင်း ၇ သင်းတို့ကတော့ လက်မောင်းစည်းတပ်ဖို့ ပြင်ဆင်ထားခဲ့ကြောင်း ပြောပါတယ်။

XS
SM
MD
LG