သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလား ကြက်တူရွေးဗေဒင်


ှဗိုလ်လုပွဲအတွက် အကြိုနေ့ လေ့ကျင့်ဖို့ ကွင်းဆင်းလာကြတဲ့ ပြင်သစ် ဘောလုံးအသင်း
ှဗိုလ်လုပွဲအတွက် အကြိုနေ့ လေ့ကျင့်ဖို့ ကွင်းဆင်းလာကြတဲ့ ပြင်သစ် ဘောလုံးအသင်း

၂၀၁၈ ကမ္ဘာ့ဖလားဘောလုံးပွဲ ဖိုင်နယ်ကိုတော့ ဇူလိုင် ၁၅ ရက် တနင်္ဂနွေနေ့မှာ ကစားမှာဖြစ်ပြီး ပြင်သစ်နဲ့ ခရိုအေရှားအသင်းတို့ ဗိုလ်လုကြမှာဖြစ်ပါတယ်။ မော်စကိုမြို့မှာ ကစားမယ့် ဒီဖိုင်နယ်ပွဲအပေါ် ကမ္ဘာတဝှမ်းက ဘောလုံးကျွမ်းကျင်သူတွေ ခန့်မှန်းနေကြသလို အခုနောက်ပိုင်းနှစ်တွေအတွင်း ကမ္ဘာ့ဖလားဘောလုံးပွဲနဲ့အတူ ရေပန်းစားထွက်ပေါ်လာနေတဲ့ တိရစ္ဆာန်တွေရဲ့ ခန့်မှန့်ချက်တွေရဲ့ ထွက်လာနေပါတယ်။ ဒီတကြိမ် ဖိုင်နယ်ပွဲ အပေါ် တိရစ္ဆာန်လေးတွေက ဘယ်လိုများ ခန့်မှန်းထားသလဲဆိုတာကို ကိုရန်နိုင်က စုစည်းတင်ဆက်ပေးထား ပါတယ်။

၄ နှစ်တကြိမ်ကမ္ဘာ့ဖလားကျင်းပချိန်ရောက်တိုင်း ကမ္ဘာ့ဖလားဘောလုံးပွဲနဲ့ အတူ အခုနောက်ပိုင်းနှစ်တွေ အတွင်း ဘောလုံးဝါသနာရှင်တွေ ကြားမှာ စိတ်ဝင်တစားရေပန်းစားလာတာတခုကတော့ ဘောလုံးပွဲတွေကို ခန့်မှန်းတဲ့ တိရစ္ဆာန်လေးတွေဖြစ်ပါတယ်။ ၂၀၁၀ ကမ္ဘာ့ဖလား ဂျာမနီနိုင်ငံက အကြားအမြင် ရေဘဝဲလေး Paul ရဲ့ ခန့်မှန်းချက်တွေက စတင်ရေပန်းစားခဲ့ပြီး ၂၀၁၄ မှာဆိုရင်လည်း ဂျာမနီက ဆင်မလေးနယ်လီရဲ့ ခန့်မှန်းချက်တွေဟာလည်း စိတ်ဝင်စားစရာကောင်းလောက်အောင်ကိုမှန်ခဲ့ပါတယ်။ အခု ၂၀၁၈ ကမ္ဘာ့ဖလား မှာလည်း အဲဒီလိုမျိုး ဘောလုံးပွဲတွေကို ခန့်မှန်းကြတဲ့ တိရစ္ဆာန်လေးတချို့လည်း ထွက်ပေါ်လာခဲ့ပြီး Paris မြို့တိရစ္ဆာန်ရုံက Newton ဆိုတဲ့ ကြက်တူရွေးလေး နဲ့ တာဂျီကစ္စတန်က Marya ဆိုတဲ့ ကုလားအုတ်တို့ရဲ့ ဖိုင်နယ်ပွဲအပေါ် ခန့်မှန်းခဲ့ကြပါတယ်။

ကြက်တူရွေးလေး Newton ကတော့ ပြင်သစ် နဲ့ ခရိုအေးရှားတို့ရဲ့ ဖိုင်နယ်မှာ ပြင်သစ်အသင်း အနိုင်ရပြီး ဗိုလ်စွဲမယ်လို့ ခန့်မှန်းပါတယ်။ Newton ရဲ့ လှောင်အိမ်အတွင်း ဘောလုံးကွင်းပုံစံအသေးလေးလုပ်ပြီး သူ့ကို ဘောလုံးလေးတလုံးပေးထားတာပါ။ အဲဒီမှာ သူသွင်းလိုက်တဲ့ဂိုးဘက်ကို ဝင်တဲ့အသင်းက နိုင်တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဖိုင်နယ်ပွဲမှာတော့ သူက ပြင်သစ်အလံပါတဲ့ ဂိုးပေါက်ဖက်ကို သွင်းခဲ့တာကြောင့် ပြင်သစ်အသင်း နိုင်မယ်လို့ ခန့်မှန်းနေကြတာဖြစ်ပါတယ်။ Newton ဟာ အင်္ဂလန် နဲ့ ဆွီဒင်တို့ရဲ့ ကွာတားဖိုင်နယ်အပါအဝင် အစောပိုင်းပွဲတွေကို လွဲခဲ့ပေမယ့် ကျန်ကွာတားဖိုင်နယ်ပွဲတွေကစပြီး သူ့ရဲ့ခန့်မှန်းချက်တွေ မှန်ခဲ့တယ်လို့ ဆိုပါတယ်။

Newton လိုပဲ တာဂျီကစ္စတန်နိုင်ငံ ဒူရှန်ဘီတိရစ္ဆာန်ရုံက Marya ဆိုတဲ့ ကုလားအုတ်ကလည်း ဒီနှစ်ကမ္ဘာ့ဖလား ဖိုင်နယ်မှာ ပြင်သစ်အသင်းအနိုင်ရပြီး ကမ္ဘာ့ချန်ပီယံဖြစ်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။ သူအတွက် အစားခွက် ၂ ခုလုပ်ပေးခဲ့ပြီး အဲဒီမှာ သူစားတဲ့ မုန်လာဥနီ နဲ့ တခြားအရွက်ကျွေးတာဖြစ်ပြီး သူ့စားတဲ့အစာခွက်ရဲ့ အသင်းက အနိုင်ရတတ်တာဖြစ်ပါတယ်။ ဒီတကြိမ် ပြင်သစ် နဲ့ ခရိုအေးရှား အစာခွက် ၂ ခွက်မှာ သူက ပြင်သစ်ကို ရွေးချယ်ခဲ့တာကြောင့် ပြင်သစ်နိုင်မယ်လို့ ခန့်မှန်းကြတာဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး Dushanbe တိရစ္ဆာန်ရုံရဲ့ ဒုတိယအကြီးအကဲ Saidkhuja Safarov က အခုလို ပြောပါတယ်။

“တိရစ္ဆာန်တွေဟာ အာရုံခံကောင်းကြတယ်။ ဥပမာ ရာသီဥတုအပြောင်းအလဲလိုမျိုးပေါ့။ လူတွေက တော်တယ် ဆိုပေမယ့်လည်း တိရစ္ဆာန်တွေမှာ အာရုံခံအစိတ်အပိုင်းတွေက ဖွံ့ဖြိုးတိုးတက်ပါတယ်။”

Marya ဟာ ခရိုအေးရှား နဲ့ အင်္ဂလန်၊ ပြင်သစ် နဲ့ ဥရုဂွေးအပါအဝင် ပွဲအတော်များများကို မှန်အောင်ခန့်မှန်းနိုင်ခဲ့ တာပါ။ ဆိုတော့ ဖိုင်နယ်ပွဲမှာ ကြက်တူရွေးလေး Newton နဲ့ ကုလားအုတ် Marya တို့ မှန်းသလို ပြင်သစ်အသင်း အနိုင်ရမလား၊ ဒါမှမဟုတ် ခရိုအေးရှားပဲ နိုင်သွားမလားဆိုတာကတော့ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်ခင်ဗျာ။

ကမ္ဘာ့ဖလား ကြက်တူရွေးဗေဒင်
please wait

No media source currently available

0:00 0:02:34 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG