သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလားအတွက် ခြေစမ်းကြပြီ


အင်္ဂလန်နှင့် နိုင်ဂျီးရီးယားတို့ ခြေစမ်းပွဲ။ ၂ မေ ၂၀၁၈။
အင်္ဂလန်နှင့် နိုင်ဂျီးရီးယားတို့ ခြေစမ်းပွဲ။ ၂ မေ ၂၀၁၈။

ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ စတင်ဖို့ ၁၁ ရက်ပဲ လိုတော့ပြီး ဒီနှစ်ပြိုင်ပွဲဝင်ခွင့်ရတဲ့ အသင်း အတော်များများဟာ ဒီကြားထဲမှာ ခြေစမ်းပွဲတွေ ကစားနေကြပါတယ်။

ဇွန်လ ၂ ရက်၊ စနေနေ့က ခြေစမ်းပွဲ ၅ ပွဲ ကစားကြပြီး အုပ်စု G က အင်္ဂလန်အသင်းနဲ့ အုပ်စု D က နိုင်ဂျီးရီးယားတို့ လန်ဒန်မြို့တော်က Wembley ကွင်းမှာ ကန်တဲ့ပွဲမှာ အင်္ဂလန်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။

လက်ရှိ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ပြီး ဒီနှစ်ကမ္ဘာ့ဖလားပွဲမှာလည်း ဗိုလ်စွဲမယ်လို့ ရေပန်းစားနေတဲ့ထဲက ထိပ်တန်းအသင်းဖြစ်တဲ့ ဂျာမနီအသင်းကတော့ သြစတြီးယားအသင်းကို သြစတြီးယားမြေမှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးသွားပါတယ်။

ထိပ်တန်းအသင်းတွေထဲက နောက်နှစ်သင်းဖြစ်တဲ့ အုပ်စု G က ဘယ်လ်ဂျီယမ်အသင်းနဲ့ အုပ်စု B က ပေါ်တူဂီတို့ ဘယ်လ်ဂျီယမ် မှာကန်တဲ့ပွဲမှာတော့ ဂိုးမရှိ သရေကျပါတယ်။

အုပ်စု F က ဆွီဒင်နဲ့ အုပ်စု C က ဒိန်းမတ်တို့ ဆွီဒင်မှာကန်တဲ့ ခြေစမ်းပွဲမှာလည်း ဂိုးမရှိ သရေရလဒ်ပဲထွက်ပါတယ်။

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ဝင်ခွင့်ရဖို့ အရင်က တခါမှ ခြေစစ်ပွဲ မအောင်ဘူးဘဲ ဒီနှစ်မှာမှ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်ရထားတဲ့ အုပ်စု D က အိုက်စ်လန်အသင်းနဲ့ ဒီနှစ်ခြေစစ်ပွဲမအောင်တဲ့ နော်ဝေးအသင်းတို့ အိုက်စ်လန်မှာ ကန်တဲ့ခြေစမ်းပွဲမှာ နော်ဝေး အသင်းက ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။

ဇွန်လ ၁ ရက် သောကြာနေ့တုန်းကတော့ ဒီနှစ်ကမ္ဘာ့ဖလားပွဲအတွက် ခြေစစ်ပွဲမအောင်တဲ့ ဥရောပထိပ်တန်း အသင်း တသင်းဖြစ်တဲ့ အီတလီနဲ့ ကမ္ဘာ့ဖလား အုပ်စု C က ပြင်သစ်တို့ ပြင်သစ်မြေမှာကန်တဲ့ ခြေစမ်းပွဲမှာ ပြင်သစ်က ၃ ဂိုး ၁ ဂိုးနဲ့ နိုင်သွားပါတယ်။ အီတလီအသင်းဟာ ၁၉၅၈ ခုနှစ်ကတည်းကနေဆိုရင် နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားဘောလုံးပွဲနဲ့ လွဲသွား တာပါ။

(ဒီကနေ့) တနင်္ဂနွေနေ့မှာတော့ အုပ်စု E က ဘရာဇီးလ်နဲ့ အုပ်စု D က ခရိုအေးရှား၊ အုပ်စု B က စပိန်နဲ့ အုပ်စု E က ဆွစ်ဇာလန် တို့ ခြေစမ်းပွဲအသီးသီး ကစားဖို့ရှိပါတယ်။

XS
SM
MD
LG