သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီတလီအသင်း ကမ္ဘာ့ဖလား နဲ့ လွဲချော်


အီတလီ နဲ့ ဆွီဒင်တို့ ကစားစဉ်
အီတလီ နဲ့ ဆွီဒင်တို့ ကစားစဉ်

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာတော့ နာမည်ကြီးအီတလီအသင်း ခြေစစ်ပွဲကနေ ပြုတ်သွာပြီး၊ ကမ္ဘာ့ဖလားနဲ့ လွဲချော်သွားပါပြီ။

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ ရှုံးထွက်အဆင့် Play-offs ဒုတိယအကျော့ပွဲတွေကို တနင်္လာနေ့က ကစားတာမှာ အီတလီ နဲ့ ဆွီဒင်တို့ ဂိုးမရှိ သရေကျသွားပါတယ်။ ဆွီဒင်နိုင်ငံမှာ ပထမအကျော့ကစားတုန်းက - ဆွီဒင်က အီတလီကို ၁ ဂိုး ဂိုးမရှိ နဲ့ နိုင်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ဆွီဒင်က ၂ ပွဲပေါင်း ၁ ဂိုး ဂိုးမရှိနဲ့ နိုင်ပြီး ခြေစစ်ပွဲအောင်သွားပြီးတော့၊ အီတလီအသင်း ခြေစစ်ပွဲကနေ ပြုတ်သွားတာဖြစ်ပါတယ်။ ဒါဟာ အီတလီအသင်းအနေနဲ့ ၁၉၅၈ ခုနှစ် နောက်ပိုင်းမှာ ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်တာဖြစ်ပါတယ်။

တနင်္ဂနွေနေ့ကပွဲစဉ်တွေမှာတော့ ဆွစ်ဇာလန် နဲ့ မြောက်အိုင်ယာလန်တို့ ဂိုးမရှိသရေကျပြီး ၂ ပွဲပေါင်း ဆွစ်ဇာလန်က ၁ ဂိုး ဂိုးမရှိ နဲ့ ခြေစစ်ပွဲအောင်ပြီး၊ ဂရိနဲ့ ခရိုအေးရှားလည်း ဂိုးမရှိသရေကျတာကြောင့် ခရိုအေးရှားအသင်းက ၄ ဂိုး ၁ ဂိုး နဲ့ ခြေစစ်ပွဲအောင်သွားပါတယ်။ အင်္ဂါနေ့ညမှာတော့ အိုင်ယာလန် နဲ့ ဒိန်းမတ်တို့ ကစားကြမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG