သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် အာဂျင်တီးနားက နယ်သာလန်ကို ၄ ဂိုး ၂ ဂိုးနိုင်


ဘရာဇီးလ်မှာ ဗုဒ္ဓဟူးနေ့က ပြီးသွားတဲ့ နယ်သာလန်နဲ့ အာဂျင်တီးနား ဆီမီးဖိုင်နယ်ပွဲမှာ အာဂျင်တီးနားက ၄ ဂိုး ၂ ဂိုးနဲ့ နိုင်ပြီး ဖိုင်နယ်ကို တက်သွားပါတယ်။ အချိန်ပို ကစားပြီးချိန်အထိ ဘယ်အသင်းကမှ ဂိုးမသွင်းနိုင်ခဲ့တဲ့အတွက် Penalty ကန်ပြီး အနိုင် အရှုံး ဆုံးဖြတ်ခဲ့ရတာပါ။

Penalty မှာ နယ်သာလန်အသင်းက Wesley Sneijder နဲ့ Ron Vlaar တို့ သွင်းတဲ့ ဂိုးတွေကို အာဂျင်တီးနား ဂိုးသမား Sergio Romero က ကာကွယ်ပေးနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ အာဂျင်တီးနား အနိုင်ရသွားတဲ့အတွက် တနင်္ဂနွေနေ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲ နောက်ဆုံးဖိုင်နယ်မှာ ဂျာမနီနဲ့ အာဂျင်တီးနား အသင်းတို့ ကမ္ဘာ့ဖလားကို လုကြရတော့မှာပါ။

အာဂျင်တီးနား အသင်းအတွက်က ၁၉၉၀ ခုနှစ်ထဲကဆိုရင် ကမ္ဘာ့ဖလား ဖိုင်နယ်ကို အခု ပထမဆုံး တက်သွားတာဖြစ်ပါတယ်။ တတိယနေရာအတွက်တော့ အိမ်ရှင် ဘရာဇီးလ်အသင်းနဲ့ နယ်သာလန်အသင်းတို့ စနေနေ့မှာ ကန်ကြရမှာဖြစ်ပါတယ်။

XS
SM
MD
LG