သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲ စတင်

၂၀၁၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲ စတင်
၂၀၁၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲ စတင်

ဘရာဇီးနိုင်ငံမှာ ကျင်းပမယ့် ၂၀၁၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေကို ထရီနီဒတ်နိုင်ငံမှာ လာမယ့် ဗုဒ္ဓဟူးနေ့ကျရင် မွန်ဆာရတ်နဲ့ ဘီလိစ် အသင်းတို့ပွဲနဲ့ စတင်မှာ ဖြစ်ပါတယ်။

မြောက်အမေရိက၊ အလယ်အမေရိကနဲ့ ကာရစ်ဘီယံ ဒေသက နိုင်ငံတွေ ပါဝင်တဲ့ ကွန်ကာကက်ဖ်ဇုန်နဲ့ အာရှဇုန်တွေမှာ အကြိုခြေစစ်ပွဲတွေကို အခုလနဲ့ နောက်လတွေမှာ စတင်ကစားကြမှာ ဖြစ်ပါတယ်။

အဲဒီခြေစစ်ပွဲတွေမှာ ကစားကြမယ့် အသင်းတွေဟာ ရှုံးထွက် ၂ ပွဲ ကစားကြမှာ ဖြစ်ပါတယ်။ အဲဒီကနေ နိုင်တဲ့အသင်းတွေမှသာ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့မှာ ဇူလိုင်လ ၃၀ ရက်နေ့ကျရင် ကျင်းပမယ့် ကမ္ဘာတဝန်း ခြေစစ်ပွဲအုပ်စု မဲခွဲတာမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။

တကမ္ဘာလုံးက ခြေစစ်ပွဲတွေကို မဲခွဲဆုံးဖြတ်တဲ့ အခါမှာ ကွန်ကာကက်ဖ်ဇုန်က လွဲပြီးတော့ ကျန်တဲ့ဒေသတွေမှာ ကမ္ဘာ့အဆင့် သတ်မှတ်ချက်ကို အသုံးပြုသွားမှာ ဖြစ်တယ်လို့ ဖီဖာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က တနင်္လာနေ့မှာ ပြောလိုက်ပါတယ်။

This item is part of
XS
SM
MD
LG