သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချန်ပီယံ စပိန် အောင် ဖျာလိပ်


ရှုံးနိမ့်ပြီးနောက် တွေ့ရတဲ့ စပိန်ဘောလုံးအားကစားသမား ရာမို့စ်။ (ဇွန် ၁၈၊ ၂၀၁၄)
ဘရာဇီးလ်နိုင်ငံမှာကျင်းပနေတဲ့ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဗုဒ္ဓဟူးနေ့ အုပ်စု B ပွဲစဉ်မှာ လက်ရှိချန်ပီယံ စပိန် အသင်းဟာ ချီလီအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ရှုံးပြီး အုပ်စုအဆင့်ကနေပဲ ပြိုင်ပွဲကနေ ထွက်သွားရပါပြီ။
အောင်ပွဲရတဲ့ ချီလီပရိသတ်တွေ ဆန်တီယေးဂိုးမြို့မှာ တညလုံး နီးပါး အောင်ပွဲခံ ပျော်ရွှင်ခဲ့ကြပေမယ့် စပိန်ပရိသတ်တွေအတွက် ကတော့ အရှက်တကွဲဖြစ်ရတာအပါအ၀င် စိတ်ခံစားမှုမျိုးစုံဖြစ်ခဲ့ကြပါတယ်။

တချို့က ကမ္ဘာ့ချန်ပီယံ၊ ကမ္ဘာ့အကောင်းဆုံးဖြစ်ခဲ့တဲ့ သူတို့ရဲ့ နိုင်ငံအသင်း ရှုံးပွဲဆက်တိုက်ကြုံပြီး ပြိုင်ပွဲကနေတောင် ထွက်ခဲ့ရတဲ့ အပေါ် ရှက်စရာအဖြစ်မြင်ကြပါတယ်။ တချို့ကတော့လည်း အခုပွဲမှာ အုပ်စုအဆင့်ကနေပဲ ထွက်ခဲ့ရပေမယ့် ဥရောပချန်ပီယံ နှစ်ကြိမ်ဖြစ်ခဲ့ဖူးတာ၊ ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်ခဲ့ဖူးတာတွေနဲ့ ပြန်ချေကြပါတယ်။

စပိန်အသင်းဟာ ပထမပွဲမှာ နယ်သာလန်အသင်းကို ၅ ဂိုး ၁ ဂိုး၊ ဒုတိယပွဲမှာ ချီလီကို ၂ ဂိုး ဂိုးမရှိနဲ့ ဆက်တိုက် အရေးနိမ့်သွားခဲ့ တာဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့ကပဲ ကစားခဲ့တဲ့ တခြားပွဲတွေမှာတော့ အုပ်စု B ကပဲ နယ်သာလန်က သြစတြေးလျကို ၃ ဂိုး ၂ ဂိုးနဲ့နိုင်ပြီး ဒုတိယ အဆင့်တက်ဖို့ သေချာသွားပြီးတော့ အုပ်စု A က ခရိုအေးရှားအသင်းက ကင်မ်ရွန်းအသင်းကို ၄ ဂိုး ဂိုးမရှိနဲ့နိုင်သွားတဲ့အတွက် ခရိုအေးရှားအနေနဲ့ အုပ်စုအဆင့်ကနေတက်ဖို့ မျှော်လင့်ချက်ရှိသွားပါတယ်။

ကြာသပတေးနေ့ပွဲစဉ်တွေမှာတော့ ကိုလမ်ဘီယာနဲ့ အိုင်ဗရီကို့စ်၊ ဥရုဂွေးနဲ့ အင်္ဂလန်၊ ဂျပန်နဲ့ ဂရိတို့ အသီးသီး ယှဉ်ပြိုင်ကစား ကြမှာဖြစ်ပါတယ်။
XS
SM
MD
LG