သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ရှိ ချန်ပီယံ စပိန် နဲ့ နယ်သာလန် ဒီနေ့တွေ့မည်


ကမ္ဘာ့ဖလားဘောလုံးပွဲ (၂၀၁၄)
ကမ္ဘာ့ဖလားဘောလုံးပွဲ (၂၀၁၄)
၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဒီကနေ့ကစားမယ့် ပွဲစဉ်တွေထဲမှာ လူအများ စိတ်ဝင်စားကြမယ့်ပွဲကတော့ လက်ရှိ ချန်ပီယံ စပိန်နဲ့ နယ်သာလန် အသင်းတို့ရဲ့ ပွဲပဲဖြစ်ပါတယ်။ ဒီပွဲဟာ ၂၀၁၀ ပြည့်နှစ် ကမ္ဘာ့ဖလား နောက်ဆုံး ဗိုလ်လုပွဲကို ပြန်ကြည့်ရ သလိုလည်း ဖြစ်ပါလိမ့်မယ်။ အုပ်စု B ထဲက ဒီနှစ်သင်း ရဲ့ပွဲကို Salvador မြို့မှာ ကစားကြမှာပါ။

တခြားပွဲနှစ်ပွဲကတော့ အုပ်စု A က မက္ကဆီကိုနဲ့ ကင်မ်ရွန်း၊ အုပ်စု B က ချီလီနဲ့ သြစတြေးလျတို့ပွဲတွေ ဖြစ်ပါတယ်။ ကွင်းဖွင့်ပွဲကို ကြာသပတေးနေ့က ကစားခဲ့တာမှာတော့ အိမ်ရှင် ဘရာဇီးလ်အသင်းက ခရိုအေးရှားအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ ပွဲဦးထွက် အနိုင်ရသွားပါတယ်။

လူကြိုက်မများလှတဲ့ ခရိုအေးရှားအသင်းက ပထမပိုင်း ၁၁ မိနစ်မှာ ပထမဂိုး စ ရသွားခဲ့ပြီးနောက်မှာမှ ဘရာဇီးလ်အသင်းက ပန်နယ်တီအပါအဝင် သုံးဂိုးနဲ့ အနိုင်ရသွားတာဖြစ်ပါတယ်။

အုပ်စု A က ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖလားဘောလုံးအဖွဲ့ချုပ် FIFA ရဲ့သတ်မှတ်ချက်အရ ကမ္ဘာ့အဆင့် ၃ ဖြစ်တဲ့အပြင် အိမ်ရှင်အသင်း လည်းဖြစ်တာမို့ ကမ္ဘာ့ဖလားကို ခြောက်ကြိမ်မြောက် ဗိုလ်စွဲရယူမယ်လို့ အများက ခန့်မှန်းကြပါတယ်။

ဘရာဇီးလ် အသင်း နောက်ဆုံးဗိုလ်စွဲခဲ့တာကတော့ ၂၀၀၂ ခုနှစ်ကဖြစ်ပါတယ်။ ဘရာဇီးလ်အပြင် ဗိုလ်စွဲနိုင်တယ်လို့ နောက်ထပ် တစ်ပြေး နေတဲ့ အသင်းတွေကတော့ အာဂျင်တီးနား၊ စပိန်၊ ဂျာမနီ၊ နယ်သာလန်နဲ့ ပေါ်တူဂီ အသင်းတွေဖြစ်ပါတယ်။
XS
SM
MD
LG