သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရုဂွေးကို ရှုံးတဲ့ အင်္ဂလန် အခြေမလှ


ဥရုဂွေးအားပေးတဲ့ ပရိတ်သတ်။ (ဇွန် ၁၉၊ ၂၀၁၄)
ဥရုဂွေးအားပေးတဲ့ ပရိတ်သတ်။ (ဇွန် ၁၉၊ ၂၀၁၄)
၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံး ဗိုလ်လုပွဲတွေကို မနေ့ ကြာသပတေးနေ့က ဆက်လက် ယှဉ်ပြိုင်ကြတာမှာ ကိုလံဘီယာနိုင်ငံက Ivory Coast နိုင်ငံ အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတဲ့အတွက် နောက်တဆင့် ရှုံးထွက်ပွဲတွေကို တက်နိုင်ဖို့ အလားအလာ ကောင်းသွားပြီ ဖြစ်ပါတယ်။

Brasilia မြို့မှာ ကျင်းပတဲ့ အုပ်စု C ပွဲစဉ်တွေမှာ ကိုလံဘီယာအသင်းက အနိုင်ရလိုက်တဲ့အတွက် ၆ မှတ်နဲ့ အုပ်စု ပထမနေရာကို ရောက်ရှိသွားပြီး Ivory Coast အသင်းကတော့ ၃ မှတ်နဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။ တစ်ပွဲစီ ရှုံးထားတဲ့ အုပ်စု C က ကျန်နှစ်သင်းဖြစ်တဲ့ ဂျပန်နဲ့ ဂရိအသင်းတို့ကစားကြရာမှာ ပထမပိုင်း ပြီးခါနီးမှာ ဂရိအသင်းက တယောက် ထုတ်ပစ်ခံလိုက်ရပေမယ့်လည်း တဖက်နဲ့ တဖက် ဂိုးမသွင်းနိုင်သေးပဲ ဖြစ်သွားခဲ့ပါတယ်။

ကြာသပတေးနေ့က ကစားတဲ့ အုပ်စု D ပွဲစဉ်မှာတော့ ဥရုဂွေးအသင်းက အင်္ဂလန်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတဲ့အတွက် ဒုတိယအဆင့် ရှုံးထွက်ပွဲတွေကို တက်နိုင်ဖို့ မျှော်လင့်ချက် အနည်းငယ် ရှိသွားခဲ့ပါတယ်။ အင်္ဂလန်ရော ဥရုဂွေးပါ ပထမပွဲစဉ်တွေမှာ အရှုံးနဲ့ ရင်ဆိုင်ခဲ့ကြရတာကြောင့် အင်္ဂလန် အသင်းအနေနဲ့ ရှုံးထွက်ပွဲစဉ်တွေကို တက်နိုင်ဖို့ အလားအလာ အတော်နည်းသွားပြီ ဖြစ်ပါတယ်။

Costa Rica နဲ့ ကစားတဲ့ ဥရုဂွေး အသင်းရဲ့ ပထမ ပွဲစဉ်မှာ ဒဏ်ရာရနေ တာကြောင့် မကစားနိုင်ခဲ့တဲ့ Luis Suarez က ကြာသပတေးနေ့က ကစားတဲ့ အင်္ဂလန်နဲ့ ပွဲစဉ်မှာ ဥရုဂွေး အသင်းအတွက် ၂ ဂိုးစလုံးကို သွင်းယူပေးခဲ့ တာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်း အနေနဲ့ အခုနှစ်မှာ ဒုတိယအဆင့် ရှုံးထွက်ပွဲတွေကို မတက်နိုင်ခဲ့ရင် ဒါဟာ ၁၉၅၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပထမအဆင့် အုပ်စုပတ်လည်ပွဲတွေမှာ နှုတ်ထွက်သွားရတာ ဖြစ်မှာပါ။
XS
SM
MD
LG