သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကမာၻ႔ဖလား ကြာတားဖိုင္နယ္ ဒုတိယေန႔


FIFA World Cup Qatar 2022 - Round of 16 - Morocco v Spain

ကာတာႏိုင္ငံမွာ ဒီေန႔က်င္းပမယ့္ ကမာၻ႔ဖလား ကြာတားဖိုင္နယ္ပြဲစဥ္ေတြမွာ ပထမပြဲအျဖစ္ Morocco နဲ႔ Portugal တို႔ မၾကာခင္အခ်ိန္မွာပဲ ကစားၾကေတာ့မွာျဖစ္ပါတယ္။ ကမာၻ႔ဖလားသမိုင္းမွာ ပထမဆုံးရႈံးထြက္အဆင့္ တက္လာတဲ့ Morocco အသင္းက ဥေရာပအသင္းႀကီးတခုျဖစ္တဲ့ Portugal အသင္းနဲ႔ ျမန္မာစံေတာ္ခ်ိန္ အခုည ၉ နာရီခြဲမွာ စကစားၾကေတာ့မွာပါ။

အာရပ္ေဒသႏိုင္ငံတခုမွာ ပထမဆုံးက်င္းပတဲ့ ကမာၻ႔ဖလားပြဲမွာ အာဖရိကတိုက္ထဲက အာရပ္ႏိုင္ငံတခုအေနနဲ႔ ပထမဆုံး ဆီမီးဖိုင္နယ္ ဆက္တက္ႏိုင္ဖို႔ Morocco ႏိုင္ငံက ႀကိဳးစားမွာျဖစ္သလို ကမာၻ႔ႏိုင္ငံစုံက ပရိသတ္ေတြကလည္း Morocco အသင္းကို အားေပးေနၾကပါတယ္။ Portugal အသင္းကလည္း ပထမဆုံး ကမာၻဖလားရႏိုင္ဖို႔ ျပင္ဆင္ထားၾကပါတယ္။

Switzerland နဲ႔ကန္ခဲ့တဲ့ပြဲတုန္းက ပြဲအစပိုင္း သူ႔ကို ထည့္မကစားတဲ့အတြက္ ေက်နပ္ပုံသိပ္မရတဲ့ Portugal အသင္းရဲ႕ ေဘာလုံးအေက်ာ္အေမာ္ Cristiano Ronaldo က အသင္းထဲကေန ထြက္သြားမယ္လို႔ ေျပာတဲ့သတင္းေတြ မမွန္ဘူးလို႔ အသင္းနည္းျပက ျငင္းပယ္ထားပါတယ္။ တနဂၤေႏြေန႔ ျမန္မာစံေတာ္ခ်ိန္ မနက္ ၁ နာခြဲမွာကစားမယ့္ အဂၤလန္နဲ႔ ျပင္သစ္ပြဲကလည္း အိမ္နီးခ်င္း ၂ ႏိုင္ငံ အႀကိတ္အနယ္ကစားၾကမယ့္ပြဲ ျဖစ္ပါတယ္။

အဂၤလန္အသင္းက ဒီႏွစ္ကမာၻ႔ဖလားကို အႏိုင္ရႏိုင္မယ္လို႔ ယုံၾကည္ထားေၾကာင္း အသင္းေခါင္းေဆာင္ Harry Kane က ေျပာခဲ့ပါတယ္။ လက္ရွိကမာၻ႔ဖလားခ်န္ပီယံ ျပင္သစ္အသင္းမွာ အခုခ်ိန္ထိ ဂိုးအမ်ားဆုံး သြင္းထားလို႔ ေ႐ႊဖိနပ္ဆုအတြက္ တစ္ေျပးေနတဲ့ ေရွ႕တန္းတိုက္စစ္မႉး Kylian Mbappe (ကီလီယန္ ဘက္ေပ) ပါတာ မွန္ေပမဲ့ Mbappe တို႔ Kane တို႔ကိုပဲ ပြဲကစားတာ မဟုတ္ေၾကာင္းနဲ႔ ကမာၻ႔ထိပ္တန္း ေဘာလုံးအသင္းႏွစ္သင္း ကစားၾကမွာ ျဖစ္တယ္လို႔ အဂၤလန္နည္းျပက ေျပာၾကားခဲ့ပါတယ္။

တခ်ိန္တည္းမွာပဲ ကာတာမွာ ကမာၻ႔ဖလားပြဲ သတင္းေတြ ယူေနစဥ္ မေန႔က ႐ုတ္တရက္ကြယ္လြန္သြားတဲ့ အေမရိကန္ ဝါရင့္ေဘာလုံး သတင္းေထာက္အတြက္ ဝမ္းနည္းစကားေတြ ဆိုေနၾကပါတယ္။ ေဘာလုံးကို အင္မတန္ ခ်စ္ျမတ္ႏိုးတဲ့ သတင္းေထာက္ Grant Wahl ကို ေဘာလုံးပရိတ္သတ္ေတြ အမွတ္ရေနမွာ ျဖစ္တယ္လို႔ FIFA ဥကၠ႒က ေျပာၾကားခဲ့ပါတယ္။ ေသာၾကာေန႔က Netherlands နဲ႔ Argentina ပြဲအခ်ိန္ပို ကစားေနခ်ိန္မွာ ကြင္းထဲက သတင္းေထာက္ေတြ သတင္းယူတဲ့ေနရာမွာ အသက္ ၄၉ ႏွစ္အ႐ြယ္ သတင္းေထာက္ Grant Wahl ႐ုတ္တရက္ လဲက်သြားခဲ့ၿပီး ေဆး႐ုံေရာက္ခ်ိန္မွာ ေသဆုံးသြားၿပီလို႔ အတည္ျပဳခဲ့တာ ျဖစ္ပါတယ္။

၁၉၉၄ ခုႏွစ္ထဲက ကမာၻ႔ဖလားပြဲေတြကို ၈ ႀကိမ္ သတင္းယူခဲ့တဲ့ Grant Wahl ဟာ မကြယ္လြန္ခင္ ေသာၾကာေန႔ အေစာပိုင္းအထိ Netherlands နဲ႔ Argentina ပြဲအေၾကာင္း Twitter ေပၚမွာ ေရးတင္ခဲ့တာပါ။ တနလၤာေန႔တုန္းကလည္း သူေနမေကာင္းလို႔ ကာတာမွာ ေဆးခန္းတခုမွာ သြားျပခဲ့ေၾကာင္းနဲ႔ ေလႁပြန္ေရာင္ရမ္းႏိုင္ေျခနဲ႔ Antibiotic နဲ႔ ေခ်ာင္းဆိုး ေပ်ာက္ေဆးေပးခဲ့တယ္လို႔ သူကေရးသားခဲ့ပါတယ္။

သူဟာ Sports Illustrated အားကစားမဂၢဇင္းမွာ အားကစားေဆာင္းပါးေတြ ေရးသားခဲ့ၿပီး ေနာက္ပိုင္း Substack ဆိုတဲ့ အြန္လိုင္းထုတ္ေဝေရး ဆိုင္ရာ ဝက္ဘ္ဆိုက္ အတြက္ အားကစားသတင္းေတြ ေရးသားေနတာ ျဖစ္ပါတယ္။ ႏိုဝင္ဘာလကုန္ပိုင္းတုန္းက အေမရိကန္အသင္း စကစားမယ့္ပြဲအတြက္ Ahmad Bin Ali ေဘာလုံးကြင္းထဲ ဝင္ဖို႔လုပ္စဥ္ လိင္တူခ်စ္သူ LGBTQ ေတြကို ေထာက္ခံေၾကာင္း သေကၤတ သက္တန႔္ပုံပါတဲ့ အက်ႌဝတ္ထားလို႔ဆိုၿပီး ကြင္းလုံၿခဳံေရးေတြက သူ႔ကို ကြင္းထဲေပးမဝင္ခဲ့ပါဘဲ အက်ႌကို ခြၽတ္ခိုင္းခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

=== Unicode ====

ကာတာနိုင်ငံမှာ ဒီနေ့ကျင်းပမယ့် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာ ပထမပွဲအဖြစ် Morocco နဲ့ Portugal တို့ မကြာခင်အချိန်မှာပဲ ကစားကြတော့မှာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားသမိုင်းမှာ ပထမဆုံးရှုံးထွက်အဆင့် တက်လာတဲ့ Morocco အသင်းက ဥရောပအသင်းကြီးတခုဖြစ်တဲ့ Portugal အသင်းနဲ့ မြန်မာစံတော်ချိန် အခုည ၉ နာရီခွဲမှာ စကစားကြတော့မှာပါ။

အာရပ်ဒေသနိုင်ငံတခုမှာ ပထမဆုံးကျင်းပတဲ့ ကမ္ဘာ့ဖလားပွဲမှာ အာဖရိကတိုက်ထဲက အာရပ်နိုင်ငံတခုအနေနဲ့ ပထမဆုံး ဆီမီးဖိုင်နယ် ဆက်တက်နိုင်ဖို့ Morocco နိုင်ငံက ကြိုးစားမှာဖြစ်သလို ကမ္ဘာ့နိုင်ငံစုံက ပရိသတ်တွေကလည်း Morocco အသင်းကို အားပေးနေကြပါတယ်။ Portugal အသင်းကလည်း ပထမဆုံး ကမ္ဘာဖလားရနိုင်ဖို့ ပြင်ဆင်ထားကြပါတယ်။

Switzerland နဲ့ကန်ခဲ့တဲ့ပွဲတုန်းက ပွဲအစပိုင်း သူ့ကို ထည့်မကစားတဲ့အတွက် ကျေနပ်ပုံသိပ်မရတဲ့ Portugal အသင်းရဲ့ ဘောလုံးအကျော်အမော် Cristiano Ronaldo က အသင်းထဲကနေ ထွက်သွားမယ်လို့ ပြောတဲ့သတင်းတွေ မမှန်ဘူးလို့ အသင်းနည်းပြက ငြင်းပယ်ထားပါတယ်။ တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် မနက် ၁ နာခွဲမှာကစားမယ့် အင်္ဂလန်နဲ့ ပြင်သစ်ပွဲကလည်း အိမ်နီးချင်း ၂ နိုင်ငံ အကြိတ်အနယ်ကစားကြမယ့်ပွဲ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းက ဒီနှစ်ကမ္ဘာ့ဖလားကို အနိုင်ရနိုင်မယ်လို့ ယုံကြည်ထားကြောင်း အသင်းခေါင်းဆောင် Harry Kane က ပြောခဲ့ပါတယ်။ လက်ရှိကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းမှာ အခုချိန်ထိ ဂိုးအများဆုံး သွင်းထားလို့ ရွှေဖိနပ်ဆုအတွက် တစ်ပြေးနေတဲ့ ရှေ့တန်းတိုက်စစ်မှူး Kylian Mbappe (ကီလီယန် ဘက်ပေ) ပါတာ မှန်ပေမဲ့ Mbappe တို့ Kane တို့ကိုပဲ ပွဲကစားတာ မဟုတ်ကြောင်းနဲ့ ကမ္ဘာ့ထိပ်တန်း ဘောလုံးအသင်းနှစ်သင်း ကစားကြမှာ ဖြစ်တယ်လို့ အင်္ဂလန်နည်းပြက ပြောကြားခဲ့ပါတယ်။

တချိန်တည်းမှာပဲ ကာတာမှာ ကမ္ဘာ့ဖလားပွဲ သတင်းတွေ ယူနေစဉ် မနေ့က ရုတ်တရက်ကွယ်လွန်သွားတဲ့ အမေရိကန် ဝါရင့်ဘောလုံး သတင်းထောက်အတွက် ဝမ်းနည်းစကားတွေ ဆိုနေကြပါတယ်။ ဘောလုံးကို အင်မတန် ချစ်မြတ်နိုးတဲ့ သတင်းထောက် Grant Wahl ကို ဘောလုံးပရိတ်သတ်တွေ အမှတ်ရနေမှာ ဖြစ်တယ်လို့ FIFA ဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။ သောကြာနေ့က Netherlands နဲ့ Argentina ပွဲအချိန်ပို ကစားနေချိန်မှာ ကွင်းထဲက သတင်းထောက်တွေ သတင်းယူတဲ့နေရာမှာ အသက် ၄၉ နှစ်အရွယ် သတင်းထောက် Grant Wahl ရုတ်တရက် လဲကျသွားခဲ့ပြီး ဆေးရုံရောက်ချိန်မှာ သေဆုံးသွားပြီလို့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

၁၉၉၄ ခုနှစ်ထဲက ကမ္ဘာ့ဖလားပွဲတွေကို ၈ ကြိမ် သတင်းယူခဲ့တဲ့ Grant Wahl ဟာ မကွယ်လွန်ခင် သောကြာနေ့ အစောပိုင်းအထိ Netherlands နဲ့ Argentina ပွဲအကြောင်း Twitter ပေါ်မှာ ရေးတင်ခဲ့တာပါ။ တနင်္လာနေ့တုန်းကလည်း သူနေမကောင်းလို့ ကာတာမှာ ဆေးခန်းတခုမှာ သွားပြခဲ့ကြောင်းနဲ့ လေပြွန်ရောင်ရမ်းနိုင်ခြေနဲ့ Antibiotic နဲ့ ချောင်းဆိုး ပျောက်ဆေးပေးခဲ့တယ်လို့ သူကရေးသားခဲ့ပါတယ်။

သူဟာ Sports Illustrated အားကစားမဂ္ဂဇင်းမှာ အားကစားဆောင်းပါးတွေ ရေးသားခဲ့ပြီး နောက်ပိုင်း Substack ဆိုတဲ့ အွန်လိုင်းထုတ်ဝေရေး ဆိုင်ရာ ဝက်ဘ်ဆိုက် အတွက် အားကစားသတင်းတွေ ရေးသားနေတာ ဖြစ်ပါတယ်။ နိုဝင်ဘာလကုန်ပိုင်းတုန်းက အမေရိကန်အသင်း စကစားမယ့်ပွဲအတွက် Ahmad Bin Ali ဘောလုံးကွင်းထဲ ဝင်ဖို့လုပ်စဉ် လိင်တူချစ်သူ LGBTQ တွေကို ထောက်ခံကြောင်း သင်္ကေတ သက်တန့်ပုံပါတဲ့ အင်္ကျီဝတ်ထားလို့ဆိုပြီး ကွင်းလုံခြုံရေးတွေက သူ့ကို ကွင်းထဲပေးမဝင်ခဲ့ပါဘဲ အင်္ကျီကို ချွတ်ခိုင်းခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG