သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Suarez မပါတော့တဲ့ ဥရုဂွေး - ကိုလံဘီယာနဲ့တွေ့မည်


ဘရာဇီးလ်နိုင်ငံမှာကျင်းပနေတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွေဟာဖြင့် ဒီကနေ့မှာ ဒုတိယအဆင့် ၁၆ သင်း ရှုံးထွက်ပြိုင်ပွဲတွေ စတင်တော့မှာဖြစ်ပြီး တောင်အမေရိကတိုက်က အသင်း ၄ သင်း ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

အိမ်ရှင် ဘရာဇီးလ်နဲ့ ချီလီတို့ မြန်မာစံတော်ချိန် စနေနေ့ည ၁၀ နာရီခွဲမှာ ကစားကြမှာဖြစ်ပြီး ကိုလုံဘီယာနဲ့ ဥရုဂွေးအသင်းတို့ မြန်မာစံတော်ချိန် တနင်္ဂနွေနေ့မနက် ၂ နာရီခွဲအချိန်မှာ ကစားကြမှာပါ။

ဥရုဂွေးအသင်းမှာတော့ အီတလီနဲ့ပွဲမှာ တဘက်ကစားသမားကို သွားနဲ့ကိုက်လိုက်လို့ ကမ္ဘာ့ဖလားဘောလုံးအဖွဲ့ချုပ် FIFA ရဲ့ ဒဏ်ခတ်အရေးယူမှု ခံထားရတဲ့ အဓိက တိုက်စစ်မှူး Luis Suarez ပါလာမှာမဟုတ်တော့ပါဘူး။

ဆွာရက်ဇ်ကို ဖီဖာက နိုင်ငံတကာဘောလုံးပွဲ ကိုးပွဲ ကစားခွင့် ပိတ်ပင်ခဲ့သလို ဘောလုံးအားကစားနဲ့ ဆက်စပ်တဲ့ ဘယ်လိုကိစ္စမျိုး ကိုမှ လေးလကြာ မလုပ်ရဘူးလို့ ဒဏ်ခတ် အရေးယူခဲ့တာဟာ သိပ်ပြင်းထန်လွန်းတယ်လို့ ဆွာရက်ဇ် သွားနဲ့ကိုက်တာကို ခံခဲ့ရတဲ့ အီတလီကစားသမား Giorgio Chiellini က ဒီသီတင်းပတ်အစောပိုင်းမှာ ပြောခဲ့ပါတယ်။

အဲဒီဖြစ်ရပ်အတွက် ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၁၁၂၀၀၀ ချမှတ်ခံခဲ့ရတဲ့ ဆွာရက်ဇ်က သူ့ကိုအားပေးသူတွေကို ဥရုဂွေးက သူ့ရဲ့အိမ်ဆင်ဝင်ကနေ သောကြာနေ့က နှုတ်ဆက်ခဲ့ပါတယ်။

အခု ဆွာရက်ဇ်အပေါ် ပြစ်ဒဏ်ချမှတ်ခဲ့တာဟာဖြင့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ သမိုင်းတလျှောက် ကစားပွဲအတွင်းဖြစ်ခဲ့တဲ့ ဖြစ်ရပ်တခုအပေါ် အပြင်းထန်ဆုံး ပြစ်ဒစ်ချမှတ်တာပဲဖြစ်ပါတယ်။

XS
SM
MD
LG