သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရုဂွေးက တောင်အာဖရိကကို ၃ ဂိုး ဂိုးမရှိ အနိုင်ရ


တောင်အာဖရိကနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလား အုပ်စုပြိုင်ပွဲတွေမှာ ဥရုဂွေး အသင်းက အိမ်ရှင် တောင်အာဖရိက အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဒီနှစ်သင်းလုံးဟာ အခု အုပ်စုပြိုင်ပွဲမှာ ဒုတိယအကြိမ်စီ ကစားကြတဲ့ပွဲ ဖြစ်ပါတယ်။

ပရစ်တိုးရီးယားမြို့မှာ ပြုလုပ်တဲ့ အဲဒီပွဲမှာတော့ ဥရုဂွေးအသင်းက ဒီယေဂို ဖော်လန် (Diego Forlan) က ၂ ဂိုး သွင်းယူခဲ့ပါတယ်။

ဥရုဂွေးအသင်းဟာ အခုဆိုရင် ၄ မှတ် ရရှိထားပြီး အုပ်စု A မှာ ဗိုလ်စွဲနေပါတယ်။ ၁၉၉၀ ကတည်းကဆိုရင် ဥရုဂွေးအသင်းဟာ ကမ္ဘာ့ဖလားမှာ အုပ်စုတွင်းကနေ ပထမဆုံး အနိုင်ရတာလည်း ဖြစ်ပါတယ်။

ရှေ့တန်းတိုက်စစ်မှူး ဖော်လန်ဟာ ပွဲစပြီး ၂၄ မိနစ် အကြာမှာ စပြီး ဂိုးသွင်းယူခဲ့တာပါ။ သူဟာ ၂၅ မီတာလောက်ကနေ ဆွဲယူကန်သွင်းပြီး ဘောလုံးဟာ ဂိုးသမားခေါင်းပေါ် ဘားတိုင်အောက်နားလေးကနေ ဂိုးဝင်သွားခဲ့တာ ဖြစ်ပါတယ်။

နောက် မိနစ် ၈၀ အကြာမှာ ပယ်နယ်တီရပြီး ဒုတိယဂိုး သွင်းခဲ့ပါတယ်။ အဲဒီ သွင်းယူတဲ့ ပယ်နယ်တီ မပေးခင်မှာတော့ တောင်အာဖရိက ဂိုးသမားကို အနီကတ်ပြပြီး ဒိုင်က ထုတ်ပစ်ခဲ့ပါတယ်။ ပြီးတော့ ဥရုဂွေးအသင်းကို ပယ်နယ်တီကန်ခွင့် ပေးခဲ့ပါတယ်။

တတိယ အနိုင်ဂိုးကိုတော့ ဥရုဂွေး အလယ်တန်းလူ အယ်လ်ဗာရို ပီရဲရာ (Alvaro Pereira) က နောက်ဆုံး အလေအလွင့် အချိန်ပိုကာလမှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။

မနေ့က အစောပိုင်းကပဲ ဥရောပ ချန်ပီယံဖြစ်တဲ့ စပိန်နိုင်ငံကို ဆွစ်ဇာလန်က ၁ ဂိုး ဂိုးမရှိနဲ့ မမျှော်လင့်ဘဲ အနိုင်ရခဲ့ပါတယ်။ ဒါ့အပြင် ချီလီကလည်း ဟွန်ဒူးရပ်စ်နိုင်ငံကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။

XS
SM
MD
LG