သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလား အမေရိကန်နဲ့ ဂျာမဏီ အုပ်စုဗိုလ်အဖြစ် နောက်တဆင့်တက်


တောင်အာဖရိကနိုင်ငံ ပရီတိုးရီးယားမြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလား ဗုဒ္ဓဟူးနေ့ ပွဲစဉ်တွေမှာ အမေရိကန် အသင်းက အယ်လ်ဂျီးရီးယား အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး အုပ်စု C မှာ အုပ်စုဗိုလ်စွဲသွားပါတယ်။ အမေရိကန်အသင်းရဲ့ အလယ်တန်းလူ လန်ဒန် ဒိုနိုဗန် (Landon Donovan) ဟာ နာကျင်အချိန်ပို ၉၁ မိနစ်မှာ အနိုင်ဂိုး သွင်းခဲ့ပြီး အုပ်စု C မှာ ၅ မှတ် ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ အမေရိကန်အသင်း အနေနဲ့ ၁၉၃၀ ခုနှစ်ကစပြီး ပထမအကြိမ် အုပ်စုဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းကလည်း ဆလိုဗေးနီးယား အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ၅ မှတ် ရရှိခဲ့ပါတယ်။ အယ်လ်ဂျီးရီးယားနဲ့ ဆလိုဗေးနီးယား အသင်းတွေက ပြိုင်ပွဲကနေ ထွက်သွားရပါပြီ။

ဗုဒ္ဓဟူးနေ့ ညနေပိုင်းကစားတဲ့ အုပ်စု D ပွဲစဉ်တွေမှာတော့ ဂျာမဏီက ဂါနာကို ၁ ဂိုး ဂိုးမရှိ၊ သြစတြေးလျက ဆားဘီးယားကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။

အုပ်စု D မှာ ဂျာမဏီက ရမှတ် ၆ မှတ်နဲ့ အုပ်စုပထမ၊ ဂါနာက ရမှတ် ၄ မှတ်နဲ့ အုပ်စု ဒုတိယအဖြစ် ရှုံးထွက်အဆင့်ကို တက်သွားပါပြီ။

ဒီနေ့ ကြာသပတေးမှာတော့ အုပ်စု E က ဒိန်းမတ်နဲ့ ဂျပန်၊ ကင်မရွန်းနဲ့ ဟော်လန်၊ အုပ်စု F က ဆလိုဗက်ကီးယားနဲ့ အီတလီ၊ ပါရာဂွေးနဲ့ နယူးဇီလန်တို့ အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် ကစားကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG