သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကမာၻ႔ဖလားမွာ အေမရိကန္၊ အီရန္ကို ၁ ဂိုး၊ ဂိုးမရွိနဲ႔ႏိုင္


SOCCER-USA/IRAN at World Cup

အဂၤါေန႔က ကမာၻ႔ဖလား ေဘာလုံးပဲြစဥ္ေတြမွာ အေမရိကန္အသင္းက အီရန္ကို ၁ ဂိုး၊ ဂိုးမရွိနဲ႔ အႏိုင္ရသြားပါတယ္။ ပထမပိုင္း ၃၈ မိနစ္မွာ အေမရိကန္ အသင္းက ေရွ႕တန္းတိုက္စစ္မွဴး Christian Pulisic က အီရန္ကို ဂိုးသြင္းယူခဲ့တာပါ။ အီရန္ကို ႏိုင္လိုက္တဲ့ အေမရိကန္ အသင္း ေနာက္ထပ္ ၁၆ သင္း ကစားရမယ့္ ရႈံးထြက္ပဲြစဥ္မွာေတာ့ အုပ္စု A က နယ္သာလန္အသင္းနဲ႔ စေနေန႔မွာ ကစားရမွာ ျဖစ္ပါတယ္။ အဂၤါေန႔က ေနာက္ထပ္ပဲြစဥ္ တခုျဖစ္တဲ့ အဂၤလန္နဲ႔ ေ၀လပဲြစဥ္မွာ အဂၤလန္က ၃ ဂိုး၊ ဂိုးမရွိနဲ႔ အႏိုင္ရသြားပါတယ္။

အဂၤါေန႔ အေစာပိုင္း ပဲြစဥ္ေတြမွာေတာ့ ဆီနီေဂါက အီေကြေဒါအသင္းကို ၂ ဂိုး ၁ ဂိုးနဲ႔ အႏိုင္ရခဲ့ၿပီး နယ္သာလန္က ကာတာအသင္းကို ၂ ဂိုး ဂိုးမရွိနဲ႔ အႏိုင္ရခဲ့ပါတယ္။ ဒီေန႔ ဗုဒဟူးေန႔မွာေတာ့ အုပ္စု D ပြဲစဥ္ေတြျဖစ္တဲ့ တူနီးရွားနဲ႔ ျပင္သစ္၊ ၾသစေၾတးလ်နဲ႔ ဒိန္းမတ္အသင္းတို႔ ယွဥ္ၿပိဳင္ကစားၾကမွာ ျဖစ္ပါတယ္။ ဗုဒဟူးေန႔ အုပ္စု C ပြဲစဥ္ေတြမွာေတာ့ ပိုလန္နဲ႔ အာဂ်င္တီးနား၊ ေဆာ္ဒီအာေရးဗ်နဲ႔ မကၠဆီကိုအသင္းတို႔ ယွဥ္ၿပိဳင္ကစားၾကမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

ကမ္ဘာ့ဖလားမှာ အမေရိကန်၊ အီရန်ကို ၁ ဂိုး၊ ဂိုးမရှိနဲ့နိုင်

အင်္ဂါနေ့က ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်တွေမှာ အမေရိကန်အသင်းက အီရန်ကို ၁ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ပထမပိုင်း ၃၈ မိနစ်မှာ အမေရိကန် အသင်းက ရှေ့တန်းတိုက်စစ်မှူး Christian Pulisic က အီရန်ကို ဂိုးသွင်းယူခဲ့တာပါ။ အီရန်ကို နိုင်လိုက်တဲ့ အမေရိကန် အသင်း နောက်ထပ် ၁၆ သင်း ကစားရမယ့် ရှုံးထွက်ပွဲစဉ်မှာတော့ အုပ်စု A က နယ်သာလန်အသင်းနဲ့ စနေနေ့မှာ ကစားရမှာ ဖြစ်ပါတယ်။ အင်္ဂါနေ့က နောက်ထပ်ပွဲစဉ် တခုဖြစ်တဲ့ အင်္ဂလန်နဲ့ ဝေလပွဲစဉ်မှာ အင်္ဂလန်က ၃ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။

အင်္ဂါနေ့ အစောပိုင်း ပွဲစဉ်တွေမှာတော့ ဆီနီဂေါက အီကွေဒေါအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး နယ်သာလန်က ကာတာအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ ဒီနေ့ ဗုဒဟူးနေ့မှာတော့ အုပ်စု D ပွဲစဉ်တွေဖြစ်တဲ့ တူနီးရှားနဲ့ ပြင်သစ်၊ သြစတြေးလျနဲ့ ဒိန်းမတ်အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ဗုဒဟူးနေ့ အုပ်စု C ပွဲစဉ်တွေမှာတော့ ပိုလန်နဲ့ အာဂျင်တီးနား၊ ဆော်ဒီအာရေးဗျနဲ့ မက္ကဆီကိုအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG