သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလား အင်္ဂါနေ့ပွဲစဉ် ရုရှားနဲ့ တောင်ကိုရီးယား ၁ ဂိုးစီ သရေ


ဘရာဇီးလ်နိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလားဘောလုံး ဗိုလ်လုပွဲတွေမှာတော့ အုပ်စု H နဲ့ အုပ်စု A က အသင်းတွေ အင်္ဂါနေ့မှာ ကန်ကြပါတယ်။ မကြာခင်ကပဲ အုပ်စု H က တောင်ကိုရီးယားနဲ့ ရုရှားအသင်းတို့ ပွဲပြီးသွားတာမှာ ၂ ဘက်လုံး ၁ ဂိုးစီ သရေကျသွားပါတယ်။

အစောပိုင်းတုန်းကတော့ အုပ်စု A က အိမ်ရှင် ဘရာဇီးလ်နဲ့ မက္ကစီကိုအသင်းတို့ ကစားခဲ့ကြပါတယ်။ ဒီပွဲကလဲ ၂ ဘက်လုံး အကြိတ်အနယ်ကို ကန်ခဲ့ကြတဲ့ ပွဲဖြစ်ပြီး တဘက်ကမှ ဂိုးဝင်အောင် မသွင်းနိုင်ခဲ့ကြဘဲ သရေနဲ့ ပွဲပြီးသွားပါတယ်။

ဘရာဇီးလ်အသင်းဘက်က ဂိုးသွင်းဖို့ အခွင့်အလမ်းတွေ အတော်များများ ရခဲ့ပေမဲ့လဲ ဂိုးနဲ့ လွဲချော်ခဲ့တာပါ။ ဒါကြောင့် အုပ်စု A မှာ လောလောဆယ် ဘရာဇီးလ်ရော မက္ကဆီကိုပါ ၄ မှတ်စီ ဖြစ်နေပါတယ်။ ဂိုးအရကတော့ ဘရာဇီးလ်က စုစုပေါင်း ၁ ဂိုး အသာနဲ့ ထိပ်မှာ ရှိနေပါတယ်။

အင်္ဂါနေ့မှာပဲ ကစားကြတဲ့ ဘယ်လ်ဂျီယံနဲ့ အာဂျင်တီးနား ပွဲမှာတော့ ဘယ်လ်ဂျီယံအသင်းက ၂ ဂိုး ၁ ဂိုးနဲ့ နိုင်သွားပါတယ်။ မနက်ဖြန် ဗုဒ္ဓဟူးနေ့ကျရင်တော့ အုပ်စု B က သြစတြေးလျနဲ့ နယ်သာလန်၊ စပိန်နဲ့ ချီလီ၊ အုပ်စု A က ကင်မရွန်းနဲ့ ခရိုအေးရှားအသင်းတွေ ကစားကြမှာဖြစ်ပါတယ်။
XS
SM
MD
LG