သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလား အချိန်ပိုကစားပြီး အာဂျင်တီးနားနဲ့ ဘယ်လ်ဂျီယံ ကွာတားဖိုင်နယ်တက်


မနေ့ကညနှောင်းပိုင်းနဲ့ ဒီကနေ့မနက် အစောပိုင်းက ဘရာဇီးနိုင်ငံမှာ ယှဉ်ပြိုင်ကစားကြတဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲ ဒုတိယအဆင့် ရှုံးထွက်ပွဲစဉ်တွေမှာ အာဂျင်တီးနားအသင်းနဲ့ ဘယ်လ်ဂျီယံ အသင်းတို့ဟာ ဆွစ်ဇာလန်နဲ့ အမေရိကန်အသင်းတွေကို အနိုင်ရပြီးတော့ ကွာတားဖိုင်နယ် ပွဲစဉ်တွေကို ယှဉ်ပြိုင်ဖို့ တက်သွားကြပါပြီ။

ပထမပွဲစဉ်မှာ အာဂျင်တီးနားနဲ့ ဆွစ်ဇာလန်တို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပုံမှန် မိနစ် ၉၀ ကစားပြီးချိန်အထိ ဂိုးမရှိ သရေဖြစ်နေတဲ့အတွက် အချိန်ပို ကစားခဲ့ကြရပါတယ်။ အချိန်ပိုကုန်ဆုံးခါနီး ၁၁၈ မိနစ်အရောက်မှာ အာဂျင်တီးနားက Lionel Messi ချပေးတဲ့ ဘောလုံးကို Angel Di Maria သွင်းယူနိုင်ခဲ့ပြီးတော့ အနိုင်ရရှိသွားတာဖြစ်ပါတယ်။

ပွဲစဉ်တလျှောက်လုံး ရှုံးပွဲမရှိသေးတဲ့ အာဂျင်တီးနားအသင်း ဆွစ်ဇာလန်အသင်းကို ခက်ခက်ခဲခဲ ကြိုးစားပြီးတော့ ကစားခဲ့ရတာကို တွေ့ခဲ့ရပါတယ်။ ဒုတိယပွဲဖြစ်တဲ့ အမေရိကန်နဲ့ ဘယ်လ်ဂျီယံတို့ပွဲဟာဆိုရင်လည်း အကြိတ်အနယ် ပွဲကောင်းတခု ဖြစ်ခဲ့ပါတယ်။

မိနစ် ၉၀ ပြည့်သွားတဲ့အထိ နှစ်ဘက်စလုံး ဂိုးမရရှိတဲ့အတွက် အချိန်ပို ကစားခဲ့ရပါတယ်။ ပွဲပြီးခါနီး ၁ မိနစ်အလိုမှာ အမေရိကန်အသင်းအတွက် အပိုင် ဂိုး ရခဲ့ပေမဲ့ ဘောလုံးဟာ ဂိုး ဘားတန်းကို ကျော်သွားခဲ့ပါတယ်။ အချိန်ပို ပထမပိုင်း ၁၅ မိနစ်မှာ ဘယ်လ်ဂျီယံအသင်းကို အမေရိကန်အသင်းကို ၂ ဂိုး ဆင့်ကဲ သွင်းယူနိုင်ခဲ့ပြီးတော့ ဒုတိယ ၁၅ မိနစ်မှာ အမေရိကန်ဘက်က ခြေပဂိုး ၁ ဂိုးပြန်သွင်းနိုင်တဲ့အတွက် ဘယ်လ်ဂျီယံက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတာ ဖြစ်ပါတယ်။

XS
SM
MD
LG