သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် အိမ်ရှင်ဘရာဇီးလ် ဂျာမနီကို မရှုမလှရှုံး


မကြာခင်က ဘရာဇီးလ်နိုင်ငံမှာ ကျင်းပသွားတဲ့ ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲ ဆီမီးဖိုင်နယ် ပထမပွဲစဉ်မှာ ဂျာမနီအသင်းက အိမ်ရှင်ဘရာဇီးလ်အသင်းကို ၇ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီးတော့ ဗိုလ်လုပွဲကို တက်သွားပြီဖြစ်ပါတယ်။

ပွဲစဉ်တလျှောက်လုံးမှာ ဂျာမနီအသင်းက အသက်ရှုမှားလောက်အောင် ပြင်းထန်တဲ့ တိုက်စစ်တွေနဲ့ ကစားသွားခဲ့တာပါ။ နှစ်ပေါင်း ၈၀ အတွင်း ဘရာဇီးလ်အသင်းအနေနဲ့ ပထမဆုံးအကြိမ် ဂိုးပေါင်း ၇ ဂိုး အသွင်းခံခဲ့ရတာဖြစ်သလို၊ ဂျာမနီသွင်းခဲ့တဲ့ ဂိုးအရေအတွက်ဟာ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ပွဲစဉ်သမိုင်းမှာ အများဆုံး ဖြစ်ခဲ့ပါတယ်။

ပွဲစလို့ ပထမပိုင်း မိနစ် ၃၀ အတွင်းမှာပဲ ဂျာမနီဟာ စုစုပေါင်း ၅ ဂိုး သွင်းယူနိုင်ခဲ့တာပါ။ ၂ ဂိုးကို Toni Kroos က သွင်းယူခဲ့ပြီး၊ Miroslav Klose က ၁ ဂိုးသွင်းယူခဲ့ပြီးတော့ သူဟာ ကမ္ဘာ့ဖလားပွဲစဉ်တလျှောက်မှာ ၁၆ ဂိုးသွင်းနိုင်ခဲ့ပြီး ဂိုးအများဆုံး သွင်းနိုင်သူ ဖြစ်သွားပါတယ်။

ဘရာဇီးလ်အသင်းက တိုက်စစ်မှူး Neymar နဲ့ အသင်းကပ္ပတိန်တို့ဟာ ဒီပွဲမှာ ကစားခွင့်မရခဲ့ပါဘူး။ ဂျာမနီအသင်းဟာ ဗုဒ္ဓဟူးနေ့မှာကစားမယ့် နယ်သာလန်နဲ့ အာဂျင်တီးနားပြိုင်ပွဲမှာ အနိုင်ရတဲ့ အသင်းနဲ့ ဗိုလ်လုပွဲကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

XS
SM
MD
LG