သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာမကျန်းသူများနေ့မှာ မြန်မာနိုင်ငံအတွက် ပုပ်ရဟန်းမင်းကြီးဆုတောင်း


Vatican Pope
Vatican Pope

ပဋိပက္ခတွေ ပြင်းထန်နေတဲ့ မြန်မာ၊ ပါလက်စတိုင်း၊ အစ္စရေး၊ ယူကရိန်းနိုင်ငံတွေအပါအဝင် ကမ္ဘာပေါ်မှာ ဆေးဝါးကုသမှု ခံယူခွင့်မရသူတွေအတွက် ဆုတောင်းမေတ္တာပို့သကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဒီကနေ့ စိန့်ပီတာရင်ပြင်မှာ ပြုလုပ်တဲ့ တနင်္ဂနွေဆုတောင်းပွဲ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

ဒါအပြင် ဒီကနေ့ ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့နာမကျန်းသူများနေ့ အထိမ်းအမှတ်အဖြစ် ထည့်သွင်းပြောကြားတဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ မိန့်ခွန်းမှာ နာမကျန်းသူတွေ ပြုစုစောင့်ရှောက်ဖို့ အရေးကြီးတယ်ဆိုတာ လူအများအာရုံစိုက်တဲ့ ၂၀၂၄ခုနှစ် အလေးပေးလုပ်ဆောင်ဖို့လည်း တိုက်တွန်းသွားပါတယ်။

အခုလို ကမ္ဘာ့နာမကျန်းသူများနေ့မှာ သူ့အနေနဲ့ နှုတ်ဆိတ်နေဖို့ မဖြစ်နိုင်ကြောင်းနဲ့ ဒီကနေ့ခေတ်မှာ ပြုစုစောင့်ရှောက်ခွင့်၊ အသက်ရှင်သန်ခွင့် စတာတွေကို ငြင်းပယ်ခံရသူ လူပေါင်းများစွာ ရှိနေတာကိုလည်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က အလေးပေးပြောကြားခဲ့ပါတယ်။

ကမ္ဘာမှာ အလွန်အမင်း ဆင်းရဲနွမ်းပါးနေသူတွေရဲ့ အခြေအနေ၊ စစ်ပွဲတွေဖြစ်နေတဲ့ ဒေသတွေ၊ အခြေခံလူ့အခွင့်အရေးတွေ နေ့တိုင်းချိုးဖောက်ခံနေရတဲ့ အခြေအနေတွေဟာ လက်ခံနိုင်စရာ မရှိသလို သူ့အနေနဲ့ နေ့စဉ်ဆုတောင်းပေးနေတယ်လို့ ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။

ဒါအပြင် စစ်မက်တွေ ဖြစ်ပွားနေတဲ့ ယူကရိန်း၊ ပါလက်စတိုင်းနဲ့ အစ္စရေးနိုင်ငံတွေအပြင် ခွဲခြားဖိနှိပ်ခံနေရတဲ့ ရိုဟင်ဂျာတွေ ရှိနေတဲ့ မြန်မာနိုင်ငံအတွက်လည်း ပုပ်ရဟန်းမင်းကြီးက ဆုတောင်းမေတ္တာပို့သခဲ့ပါတယ်။

XS
SM
MD
LG