သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ စီးပွားရေးယှဉ်ပြိုင်နိုင်စွမ်း အညွှန်းကိန်း မြန်မာအဆင့် ၁၃၄ ချိတ်


ကမ္ဘာ့စီးပွားရေး ညီလာခံအဖွဲ့ World Economic Forum က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့စီးပွားရေး ယှဉ်ပြိုင်မှု အခြေပြအညွန်းကိန်းမှာ မြန်မာနိုင်ငံက အဆင့် ၁၃၄ အဆင့်မှာ ရောက်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

အရှေ့တောင်အာရှက အိမ်နီးချင်းနိုင်ငံတွေရဲ့ စီးပွားရေး အခြေအနေတွေကတော့ စင်္ကာပူက အဆင့် ၂၊ ထိုင်းနိုင်ငံက အဆင့် ၃၁၊ မလေးရှားက အဆင့် ၂၀၊ ဖိလစ်ပိုင်က အဆင့် ၆၈၊ အင်ဒိုနီးရှားနိုင်ငံက အဆင့် ၃၄၊ ဗီယက်နမ်က ၆၈၊ လာအိုနိုင်ငံက အဆင့် ၉၃ နဲ့ ကမ္ဘောဒီးယားက အဆင့် ၉၅ တို့ ဖြစ်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံက ၆ နှစ် ဆက်တိုက် နံပတ် ၁ နေရာကို ထိန်းထားပြီး၊ သူ့နောက်မှာ စင်္ကာပူက အဆင့် ၂ နဲ့ အမေရိကန်ပြည်ထောင်စုက အဆင့် ၃ နေရာမှာ ရှိနေတယ်လို့ ဂျနီဗာမှာ အခြေစိုက်တဲ့ အဖွဲ့ကြီးရဲ့ ထုတ်ပြန် ကြေညာချက်မှာ တွေ့ရပါတယ်။ တရုတ်နိုင်ငံကတော့ ပြီးခဲ့တဲ့နှစ်ကထက် တဆင့်တက်သွားပြီး အဆင့် ၂၈ နေရာမှာ ရောက်ရှိနေပါတယ်။

XS
SM
MD
LG