သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှေ့နှစ် ကမ္ဘာ့စီးပွားရေး တိုးတက်မှု အလားအလာ မှေးမှိန်


IMF World Economy
IMF World Economy

ရွေ့နှစ်အတွက် ကမ္ဘာ့စီးပွားရေး အလားအလာ မှေးမှိန်အားနည်းနေတယ်လို့ စီးပွားရေး သုံးသပ်ချက်တွေက ဖော်ပြပါတယ်။ Institute of International Finance ခေါ် နိုင်ငံတကာဘဏ္ဍာရေး အင်စတီကျုအဖွဲ့က ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှုန်းဟာ လာမယ့် ၂၀၂၃ ခုနှစ်မှာ ၁.၂% သာ ရှိလိမ့်မယ်လို့ ခန့်မှန့်ပါတယ်။

အခုလို စီးပွားတိုးတက်မှုနှုန်း နည်းနိုင်တဲ့ အဆင့်ဟာ ၂၀၁၉ ခုနှစ်တုန်းက ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းဖြစ်အပြီး၊ ပြန်စအားယူရချိန်မှာ ရှိခဲ့တဲ့နှုန်းနဲ့ အလားတူလောက် ဖြစ်ပါတယ်။

ယူကရိန်းစစ်ကြောင့် ကမ္ဘာ့ကုန်သွယ်ရေး အထူးသဖြင့် ဥရောပမှာ ထိခိုက်တာနဲ့ ကိုဗစ်ပိတ်ဆို့မှုကြောင့် တရုတ်စီးပွားရေး အပြည့်ပြန်မပွင့်တာတွေအတွက် အလားအလာ မကောင်းတာလို့ အများစု စီးပွားရေးသုံးသပ်ချက်တွေမှာ ပြောထားပါတယ်။ အခုလည်း နိုင်ငံတကာဘဏ္ဍာရေး အင်စတီကျုက မနေ့က သုံးသပ်ချက်ထုတ်ပြန်ရာမှာ အမေရိကန်ပြည်ထောင်စုမှာလည်း စီးပွားကျလာမှာ စိုးရိမ်နေရတယ်လို့ ပြောပါတယ်။

အမေရိကမှာ လုပ်သားဈေးကွက် အားနည်းပြီး၊ စီးပွားနှေးကွေးလာနေတာက အခုလို စီးပွားကျလာဖို့ စိုးရိမ်ချက်ဖြစ်တယ်လို့လည်း ဒီအဖွဲ့က ထောက်ပြပါတယ်။

ဒါ့အပြင် ငွေကြေးဖောင်းပွမှုကလည်း ယူရိုငွေကြေးသုံးတဲ့ ဥရောပနိုင်ငံတွေနဲ့ ဗြိတိန်နိုင်ငံတို့မှာ အထူးသဖြင့် ကြီးမားလာနေပြီး စီးပွားရေးလုပ်ငန်းတွေ ဆက်ပြီး ကျဆင်းလာနေတယ်လို့ ဒီအဖွဲ့က ထောက်ပြထားပါတယ်။

===== Unicode ====






XS
SM
MD
LG