သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့စီးပွားရေး အလားအလာ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ သတိပေး


Pen Duick ocean racing yachts sail off the coast of Saint-Quay-Portrieux, western France during a trip at sea from Roscoff to Saint-Quay-Portrieux.

ပြန်လည်ကောင်းမွန်ဖို့ ကြိုးစားနေရတဲ့ ကမ္ဘာ့စီးပွားရေးဟာ နောက်ထပ် ပိုဆိုးတဲ့ပြဿနာ ကြုံနေရတယ်လို့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌက ပြောလိုက်ပါတယ်။ ကမ္ဘာ့စီးပွားရေးဟာ ပိုပြီး အန္တရာယ်များတဲ့ အဆင့်သစ်တခုထဲကို ရောက်နေတယ်လို့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ရောဘတ် ဇိုအဲလစ်ခ် (Robert Zoellick) က စနေနေ့ထုတ် The Australian သတင်းစာကြီးကို ပြောကြားခဲ့တာပါ။

ဥရောပမှာဖြစ်နေတဲ့ အကြွေးပြဿနာတွေကြောင့် အများကြီး မူတည်တယ်လို့ သတင်းစာနဲ့ အင်တာဗျူးမှာ မစ္စတာဇိုအဲလစ်ခ်က အပြစ်တင်ထားပါတယ်။ အကြွေးပြဿနာကို ဥရောပ ခေါင်းဆောင်တွေက အရေးပေါ် ကိုင်တွယ်ဖြေရှင်းကြဖို့လည်း သူက တိုက်တွန်းပါတယ်။ ဘဏ္ဍာရေးဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ဖြစ်နေတဲ့ ပြဿနာကို ငွေကြေးဆိုင်ရာ မူဝါဒတွေနဲ့ ရှင်းလို့မရနိုင်သလောက်ပဲလို့လည်း သူကဆိုပါတယ်။

ဗြိတိန်မှာ လတ်တလောဖြစ်ခဲ့တဲ့ အဓိကရုဏ်းတွေကြောင့် အစိုးရကလုပ်ဖို့စီစဉ်ထားတဲ့ အကြီးအကျယ် အသုံးစရိတ် ဖြတ်တောက်မယ့်ကိစ္စတွေ အကောင်အထည် မဖော်တော့မှာကို စိုးရိမ်တယ်လို့လည်း ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။

ရောဘတ် ဇိုအဲလစ်ခ်ဟာ သြစတြေးလျနိုင်ငံကို တာဝန်နဲ့ရောက်နေတာဖြစ်ပြီး ဝန်ကြီးချုပ် ဂျူလီယာ ဂီးလာ့ဒ် (Julia Gillard) အပြင် တခြား ထိပ်တန်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

အာရှနဲ့ ပစိဖိတ်ဒေသက စီးပွားရေးအားကောင်းလာနေတဲ့ နိုင်ငံတွေနဲ့ သြစတြေးလျနိုင်ငံက အနီးကပ်ဆက်ဆံရေးရှိနေတဲ့အတွက် သြစတြေးလျ စီးပွားရေးအတွက် ရေတို အထောက်အကူ ဖြစ်ပါတယ်လို့လည်း ကမ္ဘာဘဏ်ဥက္ကဋ္ဌကဆိုပါတယ်။

XS
SM
MD
LG