သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့စီးပွားရေး အလားအလာ အားတက်ဖွယ်မရှိ


ကမ္ဘာ့စီးပွားရေး အလားအလာ အားတက်ဖွယ်မရှိ
ကမ္ဘာ့စီးပွားရေး အလားအလာ အားတက်ဖွယ်မရှိ

မကြာသေးခင်က အဓိက ကမ္ဘာ့စီးပွားရေး နိုင်ငံကြီးတွေရဲ့ အနေအထားတွေဟာ ပြန်ပြီး ဦးမော့လာဖို့ မသေချာသလို ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ယိုင်နဲ့သွားနိုင်တဲ့ အလားအလာတွေကလည်း ဆက်ပြီး ကြီးထွားနေဆဲပဲလို့ မနေ့က သောကြာနေ့က နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့စီးပွားရေး အခြေပြ အစီရင်ခံစာထဲမှာ သတိပေးထားပါတယ်။

ဒီနှစ်ရဲ့ ပထမ ၃ လမှာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တိုးပွားလာမှု ၄.၃% ရှိခဲ့တယ်လို့ ဖော်ပြထားပေမဲ့ မကြာသေးခင်က အမေရိကန် စီးပွားရေး အားပျော့လာမှုနဲ့ တခြားနိုင်ငံတွေရဲ့ စီးပွားရေး တိုးတက်လာမှုတွေကို ဒီအစီရင်ခံစာက ထောက်ပြထားပါတယ်။

အမေရိကန် ပြည်ထောင်စုဟာ စီးပွားရေး တိုးတက်မှုနှုန်း ဒီနှစ်မှာ ၂.၅% ရှိပြီးတော့ ရှေ့နှစ် ၂၀၁၂ မှာ ၂.၇% ရှိလိမ့်မယ်လို့လည်း ဒီအစီရင်ခံစာက ဆိုပါတယ်။ မူလက အမေရိကန် ပြည်ထောင်စုဟာ စီးပွားရေး တိုးတက်မှုနှုန်း ၂.၈% ရှိလိမ့်မယ်လို့ IMF က ခန့်မှန်းထားခဲ့တာပါ။

ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဖောင်းပွမှုနှုန်းဟာ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် နောက်ဆုံး ၃ လမှာ ၃.၅% ရှိရာကနေ ဒီနှစ်ရဲ့ ပထမ ၃ လမှာ ၄% အထိ တိုးလာပြီးတော့ ဒါဟာ IMF က ပြီးခဲ့တဲ့ ဧပြီလက IMF ရဲ့ ကမ္ဘာ့စီးပွားရေး အခြေပြ အစီရင်ခံစာထဲမှာ ခန့်မှန်းခဲ့တာထက် ၂ ဆ မြင့်တက်နေတယ်လို့ အခု အစီရင်ခံစာက ဆိုပါတယ်။

မနေ့ကပဲ နယူးယောက်မြို့က သီးခြားထုတ်ပြန်တဲ့ စီးပွားရေး သုတေသနအဖွဲ့ Conference Board ရဲ့ အစီရင်ခံစာမှာ အမေရိကန် စီးပွားရေးဟာ လာမယ့်လတွေမှာ အရင်လို နှေးကွေးနေရာကနေ လွတ်မြောက်လာပြီး ပိုမို သွက်လက်လာမှာ ဖြစ်ပေမဲ့ ဘယ်လိုပုံစံနဲ့ အမေရိကန် စီးပွားရေး တိုးတက်မှုမဆို မညီမညာတော့ ဖြစ်နေဦးမယ်လို့ သတိပေးထားပါတယ်။

XS
SM
MD
LG