သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာကျော် ပန်းချီကားတွေ အခိုးခံရ


Picasso လက်ရာ ပန်းချီကားတစ်ချပ်
Picasso လက်ရာ ပန်းချီကားတစ်ချပ်
ရော့တာဒန်မြို့ ပြတိုက်တစ်ခုထဲက ပီကာဆို၊ မတ်တီ့စ်၊ မိုနေးတို့ အပါအဝင် ပန်းချီ ကျော်တွေရဲ့ လက်ရာ ပန်းချီကား ၇ ချပ် အခိုးခံရတယ်လို့ ဒတ်ချ် ရဲတွေက ပြောကြား လိုက်ပါတယ်။ အင်္ဂါနေ့ လင်းအားကြီးမှာ သူခိုးတွေက ကွန်စသာ ပြတိုက်က အချက် ပေး ခေါင်းလောင်းကို ချိုးဖျက်ပြီး ရဲတွေမရောက်ခင် ပန်းချီကားတွေကို ထုတ်ယူသွား ကြတာပါ။

ပန်းချီကား ခိုးယူမှုဟာ မကြာသေးမီ နှစ်တွေအတွင်း နယ်သာလန်နိုင်ငံရဲ့ အကြီးဆုံး ခိုးမှု ဖြစ်ပါတယ်။ အာဏာပိုင်တွေဟာ ပြတိုက်မှာရှိတဲ့ ဗွီဒီယို တိပ်ခွေတွေကို ဆန်းစစ် နေကြပြီး ဒီ စနစ်တကျ ခိုးယူမှုနဲ့ ပတ်သက်လို့ မျက်မြင် သက်သေတွေရှိခဲ့ရင် အကြောင်းကြားကြဖို့ မေတ္တာရပ်ခံထားပါတယ်။

ပန်းချီ ကျွမ်းကျင်သူတွေကတော့ ဒီပန်းချီကားတွေကို လေလံတင်မယ်ဆိုရင် ဒေါ်လာ ကုဋေနဲ့ချီ တန်ဖိုးရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူခိုးတွေက ပန်းချီကားတွေကို လေလံဈေးကွက်မှာ တင်ရောင်းဖို့ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီ ပန်းချီကားတွေက လူသိများ ကျော်ကြားပြီး ခိုးယူခံရတယ်ဆိုတာလည်း သတ်မှတ်ထားလို့ပါ။ သူခိုးတွေ အနေနဲ့ ဒီပန်းချီကားတွေကို ငွေနဲ့ ရွေးယူဖို့ ကမ်းလှမ်းနိုင်တယ်ဆိုပြီးလည်း တချို့က ပြောပါတယ်ရှင်။
XS
SM
MD
LG