သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်း Trump ကို လုပ်ကြံဖို့ကြိုးစားမှု ကမ္ဘာ့ခေါင်းဆောင်တွေ ပြစ်တင်ရှုတ်ချ


ဂျာမန်ဝန်ကြီးချုပ် Olaf Scholz နှင့် ပြင်သစ်သမ္မတ Emmanuel Macron
ဂျာမန်ဝန်ကြီးချုပ် Olaf Scholz နှင့် ပြင်သစ်သမ္မတ Emmanuel Macron

အမေရိကန်ပြည်ထောင်စုက ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအတွင်း သမ္မတဟောင်း Donald Trump ကို လုပ်ကြံဖို့ကြိုးစားတဲ့ ဖြစ်ရပ်နဲ့ပတ်သက်လို့ ကမ္ဘာ့ခေါင်းဆောင်တွေကလည်း အံ့အားသင့်စွာ တုံံ့ပြန်ပြောဆိုလာကြပါတယ်။

ဇူလိုင် ၁၃ ရက်၊ မနေ့ စနေနေ့က ဖြစ်ရပ်နဲ့ပတ်သက်လို့ နိုင်ငံရေးမှာ အကြမ်းဖက်မှုတွေ ပါဝင်လာတဲ့အပေါ် နိုင်ငံတကာက သမ္မတတွေ၊ ဝန်ကြီးချုပ်တွေနဲ့ ခေါင်းဆောင်အသီးသီးက ပြစ်တင်ရှုတ်ချကြသလို ဒီဖြစ်ရပ်မှာ ထိခိုက်ခံသူတွေနဲ့အတူ ရပ်တည်ကြောင်း ထုတ်ဖော် ပြောဆိုကြပါတယ်။ သမ္မတဟောင်း Trump ကို လုပ်ကြံဖို့ကြိုးစားတဲ့ ပစ်ခတ်မှုအတွင်း သေနတ်သမားအပြင် မဲဆွယ်စည်းရုံးပွဲကို လာနားထောင်သူ ပရိတ်သတ်တဦး သေဆုံးခဲ့ပြီး နောက်ထပ် ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့ကြတာပါ။

ဥရောပတိုက်က ခေါင်းဆောင်တွေထဲမှာတော့ ဥရောပကော်မရှင်နာမင်းကြီး Ursula von der Leyen ကတော့ ဒီဖြစ်ရပ်အတွက် အင်မတန်မှ အံ့ဩ တုန်လှုပ်မိကြောင်း ပြောသလို၊ ဂျာမန်ဝန်ကြီးချုပ် Olaf Scholz က ဒါဟာ ဒီမိုကရေစီစံနစ်ကို ခြိမ်းချောက်တဲ့ ဖြစ်ရပ်လို့ ပြောလိုက်ပြီး ပြင်သစ်သမ္မတ Emmanuel Macron က ဒီဖြစ်ရပ်ဟာ ဒီမိုကရေစီစံနစ်အတွက် ကံဆိုးမိုးမှောင်ကျတာဘဲလို့ ပြောပါတယ်။ ရုရှားနိုင်ငံကတော့ အမေရိကန်အနေနဲ့ အမုန်းတရားပွားစေတဲ့ မူဝါဒတွေကို သတိထားဖို့ ပြောကြားလိုက်တဲ့တချိန်ထဲမှာဘဲ ယူကရိန်းကို စစ်ရေးအရ အကူအညီပေးနေတဲ့ကိစ္စကိုပါ တပါတည်း ထည့်သွင််ဝေဖန်ခဲ့ပါတယ်။

အမေရိကားတိုက်အတွင်းမှာရှိတဲ့ အာဂျင်တီးနား၊ ဘရာဇီး၊ ချီလီ၊ ကိုလံဘီယာ၊ ဘိုလီးဗီးယားစတဲ့ နိုင်ငံတွေကလည်း ခေါင်းဆောင်တွေက ဒီဖြစ်ရပ်နဲ့ပတ်သက်လို ပြစ်တင် ရှုတ်ချကြောင်း ပြောဆိုကြသလိုဘဲ၊ အာရှတိုက်ဘက်ကဆိုရင်လည်း တရုတ်သမ္မတ ရှီကျင့်ဖျင်၊ အိန္ဒိယဝန်ကြီးချုပ် Narendra Modi ၊ ဂျပန်ဝန်ကြီးချုပ် Fumio Kishida ၊ ထိုင်ဝမ်နဲ့ ဖိလစ်ပိုင်သမ္မတ အသီးသီးတို့အပြင် အရှေ့အလယ်ပိုင်း နိုင်ငံတွေက ခေါင်းဆောင်တွေကလည်း ဝမ်းနည်းစကား၊ အံ့သြသင့်တဲ့အကြောင်းနဲ့ ပြစ်တင်ရှုတ်ချမှုတွေ အသီးသီး ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။

Forum

XS
SM
MD
LG