သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Boston ဗုံးခွဲတိုက်ခိုက်မှု ကမ္ဘာ့ခေါင်းဆောင်တွေ ဝိုင်းဝန်းရှုတ်ချ


ဧပြီလ ၁၅ ရက်နေ့က Boston မာရသွန်အပြေးပြိုင်ပွဲမှာ ဗုံးကွဲမှုဖြစ်စဉ်
ဧပြီလ ၁၅ ရက်နေ့က Boston မာရသွန်အပြေးပြိုင်ပွဲမှာ ဗုံးကွဲမှုဖြစ်စဉ်
ကမ္ဘာတလွှားက နိုင်ငံ့ခေါင်းဆောင်တွေ အထူးသဖြင့် အရပ်သားကို ပစ်မှတ်ထားပြီး အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ နိုင်ငံတွေ က ခေါင်းဆောင်တွေက လူ ၃ ဦးသေဆုံးပြီး၊ လူပေါင်းရာကျော် ထိခိုက်ဒဏ်ရာ ရခဲ့ရတဲ့ အမေရိကန် ပြည်ထောင်စု Boston မြို့က ဖောက်ခွဲမှု နှစ်ခုကို ရှုတ်ချသွားကြပါတယ်။

သူ့အဆို အကြမ်းဖက် တိုက်ခိုက်တယ်ဆိုတာကို ပါကစ္စတန် နိုင်ငံခြားရေးရုံးက ရှုတ်ချသွားပြီးတော့၊ ဒီစက်ဆုပ် အထင်သေးစရာ လုပ်ရပ်ကို ပါကစ္စတန် အစိုးရနဲ့ ပြည်သူတွေက ထိတ်လန့် အံ့အားသင့်နေရပါတယ်လို့ ပြောသွားပါတယ်။

ပါကစ္စတန်နိုင်ငံဟာ ၂၀၀၇ ခုနှစ်ကတည်းက တာလီဘန် သူပုန်ထမှုနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပြီးတော့ တာလီဘန်တွေက အများပြည်သူ အလာများတဲ့ နေရာတွေကို တိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ ထောင်ပေါင်းများစွာ သေဆုံးခဲ့ရပြီးသားပါ။

ပါကစ္စတန်က တာလီဘန်တွေက အမေရိကန် ပြည်ထောင်စုကို တိုက်ခိုက်ဖို့ ကြံစည်မှုတွေ ရှိခဲ့ပေမဲ့လည်း၊ ဒီ Boston ဗုံးခွဲမှုကိုတော့ သူတို့ မလုပ်ပါဘူးလို့
ငြင်းဆိုပါတယ်။

ပါကစ္စတန်အိမ်နီးချင်း တာလီဘန်တွေ မကြာခဏ တိုက်ခိုက်တာခံရတဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာတော့ သမ္မတ ဟာမစ် ခါဇိုင်း (Hamid Karzai) က Boston မြို့ တိုက်ခိုက်မှုကို ရှုတ်ချပြောဆိုပြီးတော့ ဒီဖြစ်ရပ်ဆိုးကြောင့် ဝမ်းနည်းကြေကွဲ မိပါကြောင်း ပြောကြားပါတယ်။

အိန္ဒိယဝန်ကြီးချုပ် မန်မွန်ဟန်ဆင်း (Manmohan Singh) ကလည်း အကြမ်းဖက်မှုကို တွန်းလှန်ရာမှာ အမေရိကန် ပြည်သူတွေနဲ့အတူ ရပ်တည်နေပါတယ်လို့ ပြောသွားပါတယ်။ အိန္ဒိယနိုင်ငံ Mumbai မြို့ဟာ ၂၀၀၈ ခုနှစ်တုန်းက အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ကြုံခဲ့ရပါတယ်။
XS
SM
MD
LG