သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာသီဥတု သဘောတူညီချက် ကမ္ဘာ့ ခေါင်းဆောင်တွေ လက်မှတ်ထိုးမည်


 ပြီးခဲ့တဲ့ ဒီဇင်ဘာလက ပဲရစ်မြို့ညီလာခံမှာ ကမ္ဘာ့ခေါင်းဆောင်တွေ ရာသီဥတု ပြောင်းလဲမှု သဘောတူညီချက်ရခဲ့။
ပြီးခဲ့တဲ့ ဒီဇင်ဘာလက ပဲရစ်မြို့ညီလာခံမှာ ကမ္ဘာ့ခေါင်းဆောင်တွေ ရာသီဥတု ပြောင်းလဲမှု သဘောတူညီချက်ရခဲ့။

ကမ္ဘာ့ ခေါင်းဆောင်တွေဟာ ရာသီဥတုပြောင်းလဲမှုရဲ့ သက်ရောက်မှုတွေကို အရှိန်နှေးသွားအောင် လုပ်ဖို့နဲ့ ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်မှုတွေကို ကုစားဖို့အတွက် သမိုင်းဝင် လုပ်ဆောင်ချက်ကို သောကြာနေ့ကျရင် ကုလသမဂ္ဂမှာ စတင်တော့မှာ ဖြစ်ပါတယ်။

သမ္မတနဲ့ ဝန်ကြီးချုပ် ၆၀ကျော်နဲ့ အခြားနိုင်ငံပေါင်း ၁၃၀ကျော်က ထိပ်ပိုင်း အရာရှိ ဒါဇင်ပေါင်းများစွာဟာ နယူးယောက်မြို့မှာ လာရောက် စုဝေးပြီး၊ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ပဲရစ်မြို့ညီလာခံမှာ ရရှိခဲ့တဲ့ ရာသီဥတု ပြောင်းလဲမှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးကြမှာ ဖြစ်ပါတယ်။

ဒီသဘောတူညီချက်အရ ကမ္ဘာလုံးဆိုင်ရာ အပူချိန်မြင့်တက်နေတာကို ၂ ဒီဂရီ စင်တီဂရိတ်အောက်မှာပဲ ရှိနေအောင် ထိမ်းထားဖို့ လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီသဘောတူညီချက်မှာ ဖန်လုံအိမ် ဓါတ်ငွေ့ ထုတ်လွှတ်မှုတွေ ကို လျှော့ချနိုင်အောင် လုပ်ဖို့ လမ်းပြမြေပုံ နဲ့ ကမ္ဘာကြီး ပူနွေး လာတာကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေကို လျှော့ချဖို့လည်း ပါဝင်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ဒီပဲရစ် သဘောတူညီချက်ကဟာ ရာသီဥတု အပြောင်းလဲမှုအပေါ် ကမ္ဘာကြီးက တုန့်ပြန်ရာမှာ အချိုးအကွေ့ အပြောင်းအလဲ တစ်ခု ဖြစ်စေခဲ့တယ်လို့ ချီးမွမ်းပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG