သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အတိုးနှုန်းမြှင့်မှု ကမ္ဘာ့ဈေးကွက် အပြုသဘော တုံ့ပြန်


နယူးရောက် Wall Street စီးပွားရေးဈေးကွက်။
နယူးရောက် Wall Street စီးပွားရေးဈေးကွက်။

ကမ္ဘာတဝန်း စီးပွားရေး ကျဆင်းမှုတွေဖြစ်ခဲ့တဲ့ ၂၀၀၈ ခုနှစ်ထဲကစလို့ အမေရိကန်မှာ ချထားတဲ့ အတိုးနှုန်းကို ဗဟိုဘဏ်က မြှင့်တင်လိုက်တဲ့အပေါ် ကမ္ဘာတဝန်း ကြိုဆိုခဲ့ကြပါတယ်။ အမေရိကန် ဗဟိုဘဏ်ကအတိုးနှုန်းတွေ ပြန်မြှင့်လိမ့်မယ်ဆိုတဲ့ ခန့်မှန်းချက်တွေ အချိန်တော်တော်ကြာကြာထဲက ရှိခဲ့ပြီးနောက် ၇ နှစ်ဆက်တိုက် အတိုးနှုန်း သုည ရာခိုင်နှုန်းနီးပါး သတ်မှတ်ထားရာကနေ မနေ့က ဗုဒ္ဓဟူးနေ့မှာတော့ ဒသမ ၂၅ ရာခိုင်နှုန်း တိုးပေးလိုက်တာပါ။

အမေရိကန်စီးပွားရေး အတော်အသင့်နှုန်းနဲ့ တိုးတက်လာနေတာကြောင့် ခုလို ဘဏ်တိုးနှုန်းကို တိုးမြင့်ဖို့ မူဝါဒချမှတ်သူတွေက ဆုံးဖြတ်ခဲ့ကြတာ ဖြစ်တယ်လို့ ဗဟိုဘဏ်အကြီးအကဲ Janet Yellen က ပြောပါတယ်။ ခုလို အတိုးမြှင့် လိုက်တာကြောင့် အာရှနိုင်ငံတွေ အများအပြား အမေရိကန်စီးပွားရေး အပေါ် ယုံကြည်မှုပြန်ရလာစေတဲ့ လက္ခဏာတွေလည်း ထွက်ပေါ်လာပါတယ်။

ဒီကနေ့ ဆိုရင်ပဲ အာရှက စတော့ရှယ်ယာဈေးကွက်တွေ တရှိန်ထိုးပြန် တက်ခဲ့ပါတယ်။ ဂျပန် နစ်ခေးအိ အညွန်းကိန်း ၂ ရာခိုင်နှုန်း တက် သွားသလို၊ ဟောင်ကောင် ဟန်ဆန် စတော့ဈေးကွက်ကတော့ ၁ ရာခိုင်နှုန်း နီးပါး တက်ခဲ့ပါတယ်။

တောင်ကိုရီးယား၊ သြစတြေးလျ၊ တရုတ်နဲ့ ထိုင်ဝမ် အပြင် နယူးဇီလန်နိုင်ငံတွေမှာ လည်း စတော့ရှယ်ယာဈေးတွေ ပြန်တက်ခဲ့ပါတယ်။ အလားတူ ဥရောပဘက် မှာလည်း ပါရီ နဲ့ Frankfurt စတော့ရှယ်ယာဈေးတွေ ၂ ရာခိုင်နှုန်းကျော် တက်ခဲ့ပြီး လန်ဒန်မှာတော့ ဈေးအဖွင့်မှာကိုပဲ ၁.၆ ရာခိုင်နှုန်း တက်သွားခဲ့ပါတယ်။ အတိုးနှုန်း မြင့် လိုက်တဲ့အတွက် နိုင်ငံအတော်များများမှာ ဒေါ်လာဈေးတွေလည်း မသိမသာ ပြန်တက်လာခဲ့ပါတယ်။

XS
SM
MD
LG