သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးရဲ႕ ပုဂံခရီးစဥ္ အေပါင္းသေဘာလား၊ အႏုတ္သေဘာလား


Foreign Minister Wang Yi IN ASEAN MEETING


(၇) ႀကိမ္ေျမာက္ လန္ခ်န္း-မဲေခါင္ ႏိုင္ငံျခားေရးဝန္ႀကီးအဆင့္ ေဆြးေႏြးပြဲကို ၿပီးခဲ့တဲ့ ဇူလိုင္ (၄) ရက္ေန႔က ျမန္မာႏိုင္ငံရဲ႕ ယဥ္ေက်းမႈ အေမြအႏွစ္ၿမိဳ႕ေတာ္ ပုဂံမွာ ျပဳလုပ္ခဲ့ပါတယ္။ ျမန္မာစစ္ေကာင္စီက အိမ္ရွင္အျဖစ္ ျပဳလုပ္ခဲ့တဲ့ ဒီအစည္းအေဝးကို တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိအပါအဝင္ မဲေခါင္ျမစ္ဝွမ္းေဒသႏိုင္ငံေတြ ျဖစ္တဲ့ ထိုင္း၊လာအို၊ကေမာၻဒီးယားနဲ႔ ဗီယက္နမ္ႏိုင္ငံျခားေရးဝန္ႀကီးေတြ တက္ေရာက္ခဲ့ၾကပါတယ္။ စစ္တပ္ အာဏာသိမ္းၿပီးေနာက္ပိုင္း တစ္ႏွစ္ခြဲတာကာလအတြင္း ေဒသတြင္းႏိုင္ငံေတြပါတဲ့ ရွားရွားပါးပါး အစည္းအေဝးတစ္ခု ျဖစ္ပါတယ္။ ဒါေၾကာင့္လဲ စစ္ေကာင္စီရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက လန္ခ်န္း-မဲေခါင္အစည္းအေဝးကို တက္ေရာက္လာတဲ ႏိုင္ငံေတြဟာ စစ္ေကာင္စီကို အသိအမွတ္ျပဳရာ ေရာက္တယ္လို႔ ဝမ္းသာအားရ ေျပာၾကားခဲ့တာပါ။

စစ္ေကာင္စီရဲ႕ ေျပာေရးဆိုခြင့္ရွိသူက အသိအမွတ္ျပဳရာ ေရာက္တယ္လို႔ ေျပာၾကားခဲ့ေပမဲ့ တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီးဟာ ေနျပည္ေတာ္ကို မသြားေရာက္ခဲ့ပါဘူး ။ပုဂံကို တိုက္႐ိုက္ေရာက္လာခဲ့ၿပီး၊ ပုဂံကေနပဲ ျပန္လည္ထြက္ခြာသြားခဲ့တာပါ။ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဟာ ေနျပည္ေတာ္ကို သြားေရာက္ၿပီးျမန္မာစစ္ေကာင္စီေခါင္းေဆာင္နဲ႔ ေတြ႕ဆုံတာမ်ိဳးလည္း မရွိခဲ့ပါဘူး။တ႐ုတ္အစိုးရအာေဘာ္ ဂလိုဘယ္တိုင္းမ္ သတင္းစာက လည္း "တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး၏ ခရီးစဥ္သည္ လန္ခ်န္း-မဲေခါင္ ပူးေပါင္းေဆာင္႐ြက္ေရး ႏိုင္ငံျခားေရး ဝန္ႀကီးမ်ား အစည္းအေဝး တက္ေရာက္ရန္ျဖစ္ေၾကာင္း၊ ႏွစ္ႏိုင္ငံ ေဆြးေႏြးပြဲမ်ား က်င္းပရန္မဟုတ္ေၾကာင္းႏွင့္ လက္ရွိစစ္ေကာင္စီကို အသိအမွတ္ျပဳသည့္ အရိပ္အႁမြက္ မေပးေၾကာင္း ေျပာသည္"လို႔ေဖာ္ျပထားပါတယ္။

တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီးအေနနဲ႔ လန္ခ်န္း-မဲေခါင္ အစည္းအေဝးမွာလည္း စီးပြားေရးရာ ပူးေပါင္းေဆာင္႐ြက္ေရးကိစၥရပ္ေတြကို အဓိကထားေဆြးေႏြးခဲ့ၿပီး ျမန္မာ့ႏိုင္ငံေရးကိစၥရပ္ကို လူသိရွင္ၾကား ေဆြးေႏြးေျပာၾကားခဲ့တာ မေတြ႕ရပါဘူး။ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံအထူးကိုယ္စားလွယ္ ကေမာၻဒီးယားႏိုင္ငံျခားေရးဝန္ႀကီး ပရတ္ဆြန္ခြန္းနဲ႔ ေတြ႕ဆုံစဥ္မွာသာ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးအေနနဲ႔ ျမန္မာ့ႏိုင္ငံေရးအေၾကာင္းကို ေျပာၾကားခဲ့တာေတြ႕ရပါတယ္။ ဒါဟာ တ႐ုတ္အေနနဲ႔ ျမန္မာ့ႏိုင္ငံအေရးနဲ႔ ပတ္သက္ရင္ အထူးသတိထား လုပ္ေဆာင္ေနတယ္ဆိုတာကို ျပသတာ ျဖစ္ပါတယ္။

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ခရီးစဥ္နဲ႔ ပတ္သက္ၿပီး အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) ရဲ႕ ႏိုင္ငံျခားေရး ဒုဝန္ႀကီးဦးမိုးေဇာ္ဦးကို VOA က ေမးျမန္းခဲ့ပါတယ္။ ဦးမိုးေဇာ္ဦးက တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးအေနနဲ႔ အခုခ်ိန္မွာျမန္မာႏိုင္ငံကို မလာသင့္ေသးေၾကာင္း၊ ဘာေၾကာင့္လဲဆိုေတာ့ စစ္ေကာင္စီကို အသိအမွတ္ျပဳတဲ့သေဘာျဖစ္မွာ စိုရိမ္ေၾကာင္း ေၾကညာခ်က္ထုတ္ခဲ့တယ္။ တ႐ုတ္ဘက္ကေတာ့ လန္ခ်န္း-မဲေခါင္စီးပြားေရး ပူးေပါင္းေဆာင္႐ြက္မႈဆိုတဲ့ကိစၥဟာ အရင္ NLD အစိုးရလက္ထက္ကတည္းက သေဘာတူၿပီး ပူးေပါင္းေဆာင္႐ြက္ေနတာ ျဖစ္တယ္။ လန္ခ်န္း-မဲေခါင္အစည္းအေဝး လာတက္တာဟာ အသိအမွတ္ျပဳမႈနဲ႔ တိုက္႐ိုက္ မပတ္သက္ဘူးဆိုတာအေၾကာင္း ျပန္ပါတယ္လို႔ ဦးမိုးေဇာ္ဦးက VOA ကိုေျပာၾကားခဲ့ပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ ျမန္မာ့ႏိုင္ငံေရးနဲ႔ စီးပြားေရးအေပၚ တ႐ုတ္ႏိုင္ငံရဲ႕ ၾသဇာလႊမ္းမိုးမႈဟာ ႀကီးမားပါတယ္။ ဒါေၾကာင့္ တ႐ုတ္ရဲ႕ ရပ္တည္ခ်က္နဲ႔သေဘာထားဟာ ျမန္မာ့ႏိုင္ငံေရးအတြက္ အေရးပါလွပါတယ္။ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း တ႐ုတ္-ျမန္မာဆက္ဆံေရးအေျခအေနကို ေလ့လာတင္ျပထားတဲ့ သုေတသန စာတမ္းတစ္ေစာင္ကို ျမန္မာ့မဟာဗ်ဴဟာႏွင့္ မူဝါဒေလ့လာေရး အင္စတီက်ဳ (ISP-Myanmar)က "တ႐ုတ္-ျမန္မာဆက္ဆံေရးအေပၚ ျမန္မာ့မူဝါဒအသိုက္အဝန္း၏ သေဘာထားအျမင္စစ္တမ္း" ဆိုတဲ့ေခါင္းစဥ္နဲ႔ ဇူလိုင္ ၁ ရက္ေန႔မွာ ISP-Myanmar ရဲ႕ Facebook စာမ်က္ႏွာနဲ႔ Website မွာ ေဖာ္ျပထားတာေတြ႕ရပါတယ္။ "ျမန္မာ့မူဝါဒ အသိုက္အဝန္းဟုဆိုရာတြင္ ႏိုင္ငံေရးႏွင့္ စီးပြားေရးနယ္မွပုဂၢိဳလ္မ်ား၊ လူထုအေျချပဳအရပ္ဘက္အဖြဲ႕အစည္းမ်ား အထူးသျဖင့္ တ႐ုတ္ႏိုင္ငံ၏ ႏိုင္ငံေရး၊ စီးပြားေရးႏွင့္ ႏိုင္ငံတကာဆက္ဆံေရးကိစၥမ်ားႏွင့္ ဆက္စပ္ၿပီး အကြၽမ္းတဝင္ရွိေနသည့္ ျမန္မာႏိုင္ငံမွ တတ္သိပညာရွင္မ်ား၊ တက္ႂကြလႈပ္ရွားသူမ်ား၊ ထင္ရွားေသာပုဂၢိဳလ္မ်ားအပါအဝင္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ (EAOs) ေခါင္းေဆာင္မ်ား၏ သေဘာထားအျမင္မ်ားကိုလည္း စစ္တမ္းေကာက္ယူခဲ့ပါသည္"လို႔ ေဖာ္ျပထားပါတယ္။

စစ္တမ္းေျဖဆိုသူမ်ားအနက္ တ႐ုတ္ကို အိမ္နီးခ်င္းေကာင္းလို႔ ျမင္သူက ၄၀ ရာႏႈန္းရွိၿပီး၊ ၅၅ ရာႏႈန္းက အိမ္နီးခ်င္းေကာင္း မဟုတ္ဘူးလို႔ ျမင္ၾကပါတယ္။ တ႐ုတ္အေနနဲ႔ ျမန္မာႏိုင္ငံကို အာဏာရွင္ ျဖစ္ေစခ်င္တယ္လို႔ ေျဖၾကားသူက ၅၅ ရာႏႈန္းရွိၿပီး၊ ဒီမိုကေရစီႏိုင္ငံ ျဖစ္ေစခ်င္တယ္လို႔ ေျဖၾကားသူက ၁၅ ရာႏႈန္းပဲရွိတာ ေတြ႕ရပါတယ္။ တ႐ုတ္ဟာ ျမန္မာႏိုင္ငံရဲ႕ အႀကီးဆုံးစီးပြားဖက္ ျဖစ္တာကို စိုးရိမ္သူက ၅၈ ရာႏႈန္းရွိၿပီး၊ ၂၆ ရာႏႈန္းကေတာ့ ႀကိဳဆိုတယ္လို႔ ေျဖၾကားၾကပါတယ္။ တ႐ုတ္-ျမန္မာစီးပြားေရး စႀကံစီမံကိန္းေတြက တ႐ုတ္အတြက္ ပိုအက်ိဳးစီးပြား ျဖစ္ထြန္းမယ္လို႔ ေျဖၾကားသူက ၈၃ ရာႏႈန္းရွိၿပီး ၁၂ ရာႏႈန္းကသာ ႏွစ္ဦး၊ႏွစ္ဘက္ အက်ိဳးျဖစ္ထြန္းမယ္လို႔ ေျဖၾကားၾကပါတယ္။ ဒါ့အျပင္ တ႐ုတ္ကိုဗစ္ကာကြယ္ေဆးကို ယုံၾကည္သူ ၂၆ ရာႏႈန္းသာ ရွိတယ္လို႔ စစ္တမ္းမွာ ေဖာ္ျပထားပါတယ္။

၂၀၂၀ ေ႐ြးေကာက္ပြဲရလဒ္ကို လစ္လွ်ဴရႈကာ စစ္တပ္က အာဏာသိမ္းတာေၾကာင့္ ျမန္မာစစ္ေကာင္စီကို အေမရိကန္၊ အီးယူနဲ႔ အေနာက္ႏိုင္ငံေတြက ပိတ္ဆို႔ဒဏ္ခတ္အေရးယူတာေတြ လုပ္ပါတယ္။ ဒါေၾကာင့္ စစ္ေကာင္စီဟာ ႏိုင္ငံေရးအရေရာ၊ စီးပြားေရးအရပါ တ႐ုတ္အေပၚ မွီခိုအားထားေနရပါတယ္။ ဒါဟာ ႏိုင္ငံအတြက္အင္မတန္ အႏၲရာယ္မ်ားတယ္လို႔ ဆိုရမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ ဒီရက္ပိုင္းႏိုင္ငံတကာသတင္းေတြမွာ သီရိလကၤာႏိုင္ငံ တ႐ုတ္အေႂကြး ႏြံႏွစ္ၿပီး၊ ေဒဝါလီခံရတာ၊ ျပည္သူေတြ အုံႂကြေတာ္လွန္တာေၾကာင့္ သီရိလကၤာသမၼတ ႏိုင္ငံကေန ထြက္ေျပးရတဲ့သတင္းေတြကို ၾကားသိ၊ျမင္ေတြ႕ေနရတာေၾကာင့္ ျဖစ္ပါတယ္။

ဂ်ပန္အေျခစိုက္ နစ္ကီေအးရွား သတင္းဌာနကေတာ့ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဝမ္ယိရဲ႕ ျမန္မာခရီးစဥ္ဟာ ျပည္တြင္းၿငိမ္းခ်မ္းေရး တည္ေဆာက္ေရးအခ်က္ပါဝင္တဲ့ ဘုံသေဘာတူညီခ်က္ ၅ ရပ္ကို အေကာင္အထည္ ေဖၚေရး အာဆီယံရဲ႕ ႀကိဳးပမ္းမႈေတြကို ေႏွာင့္ေႏွးသြားေစၿပီး အထူးသျဖင့္ ျမန္မာစစ္ေကာင္စီကို လူသိရွင္ၾကားထိေတြ႕ဆက္ဆံတာဟာ စစ္ေခါင္းေဆာင္ေတြကို ရဲေဆးတင္ေပးသလို ျဖစ္ေနေၾကာင္း ေဝဖန္ေရးသားထားပါတယ္။

==== Unicode ====

(၇) ကြိမ်မြောက် လန်ချန်း-မဲခေါင် နိုင်ငံခြားရေးဝန်ကြီးအဆင့် ဆွေးနွေးပွဲကို ပြီးခဲ့တဲ့ ဇူလိုင် (၄) ရက်နေ့က မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု အမွေအနှစ်မြို့တော် ပုဂံမှာ ပြုလုပ်ခဲ့ပါတယ်။ မြန်မာစစ်ကောင်စီက အိမ်ရှင်အဖြစ် ပြုလုပ်ခဲ့တဲ့ ဒီအစည်းအဝေးကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိအပါအဝင် မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံတွေ ဖြစ်တဲ့ ထိုင်း၊လာအို၊ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း တစ်နှစ်ခွဲတာကာလအတွင်း ဒေသတွင်းနိုင်ငံတွေပါတဲ့ ရှားရှားပါးပါး အစည်းအဝေးတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်လဲ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက လန်ချန်း-မဲခေါင်အစည်းအဝေးကို တက်ရောက်လာတဲ နိုင်ငံတွေဟာ စစ်ကောင်စီကို အသိအမှတ်ပြုရာ ရောက်တယ်လို့ ဝမ်းသာအားရ ပြောကြားခဲ့တာပါ။

စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူက အသိအမှတ်ပြုရာ ရောက်တယ်လို့ ပြောကြားခဲ့ပေမဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဟာ နေပြည်တော်ကို မသွားရောက်ခဲ့ပါဘူး ။ပုဂံကို တိုက်ရိုက်ရောက်လာခဲ့ပြီး၊ ပုဂံကနေပဲ ပြန်လည်ထွက်ခွာသွားခဲ့တာပါ။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ နေပြည်တော်ကို သွားရောက်ပြီးမြန်မာစစ်ကောင်စီခေါင်းဆောင်နဲ့ တွေ့ဆုံတာမျိုးလည်း မရှိခဲ့ပါဘူး။တရုတ်အစိုးရအာဘော် ဂလိုဘယ်တိုင်းမ် သတင်းစာက လည်း "တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်သည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တက်ရောက်ရန်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ဆွေးနွေးပွဲများ ကျင်းပရန်မဟုတ်ကြောင်းနှင့် လက်ရှိစစ်ကောင်စီကို အသိအမှတ်ပြုသည့် အရိပ်အမြွက် မပေးကြောင်း ပြောသည်"လို့ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးအနေနဲ့ လန်ချန်း-မဲခေါင် အစည်းအဝေးမှာလည်း စီးပွားရေးရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တွေကို အဓိကထားဆွေးနွေးခဲ့ပြီး မြန်မာ့နိုင်ငံရေးကိစ္စရပ်ကို လူသိရှင်ကြား ဆွေးနွေးပြောကြားခဲ့တာ မတွေ့ရပါဘူး။မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရတ်ဆွန်ခွန်းနဲ့ တွေ့ဆုံစဉ်မှာသာ တရုတ်နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ မြန်မာ့နိုင်ငံရေးအကြောင်းကို ပြောကြားခဲ့တာတွေ့ရပါတယ်။ ဒါဟာ တရုတ်အနေနဲ့ မြန်မာ့နိုင်ငံအရေးနဲ့ ပတ်သက်ရင် အထူးသတိထား လုပ်ဆောင်နေတယ်ဆိုတာကို ပြသတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်နဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေး ဒုဝန်ကြီးဦးမိုးဇော်ဦးကို VOA က မေးမြန်းခဲ့ပါတယ်။ ဦးမိုးဇော်ဦးက တရုတ်နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ အခုချိန်မှာမြန်မာနိုင်ငံကို မလာသင့်သေးကြောင်း၊ ဘာကြောင့်လဲဆိုတော့ စစ်ကောင်စီကို အသိအမှတ်ပြုတဲ့သဘောဖြစ်မှာ စိုရိမ်ကြောင်း ကြေညာချက်ထုတ်ခဲ့တယ်။ တရုတ်ဘက်ကတော့ လန်ချန်း-မဲခေါင်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုတဲ့ကိစ္စဟာ အရင် NLD အစိုးရလက်ထက်ကတည်းက သဘောတူပြီး ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်တယ်။ လန်ချန်း-မဲခေါင်အစည်းအဝေး လာတက်တာဟာ အသိအမှတ်ပြုမှုနဲ့ တိုက်ရိုက် မပတ်သက်ဘူးဆိုတာအကြောင်း ပြန်ပါတယ်လို့ ဦးမိုးဇော်ဦးက VOA ကိုပြောကြားခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ့နိုင်ငံရေးနဲ့ စီးပွားရေးအပေါ် တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုဟာ ကြီးမားပါတယ်။ ဒါကြောင့် တရုတ်ရဲ့ ရပ်တည်ချက်နဲ့သဘောထားဟာ မြန်မာ့နိုင်ငံရေးအတွက် အရေးပါလှပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်-မြန်မာဆက်ဆံရေးအခြေအနေကို လေ့လာတင်ပြထားတဲ့ သုတေသန စာတမ်းတစ်စောင်ကို မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar)က "တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထားအမြင်စစ်တမ်း" ဆိုတဲ့ခေါင်းစဉ်နဲ့ ဇူလိုင် ၁ ရက်နေ့မှာ ISP-Myanmar ရဲ့ Facebook စာမျက်နှာနဲ့ Website မှာ ဖော်ပြထားတာတွေ့ရပါတယ်။ "မြန်မာ့မူဝါဒ အသိုက်အဝန်းဟုဆိုရာတွင် နိုင်ငံရေးနှင့် စီးပွားရေးနယ်မှပုဂ္ဂိုလ်များ၊ လူထုအခြေပြုအရပ်ဘက်အဖွဲ့အစည်းများ အထူးသဖြင့် တရုတ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံတကာဆက်ဆံရေးကိစ္စများနှင့် ဆက်စပ်ပြီး အကျွမ်းတဝင်ရှိနေသည့် မြန်မာနိုင်ငံမှ တတ်သိပညာရှင်များ၊ တက်ကြွလှုပ်ရှားသူများ၊ ထင်ရှားသောပုဂ္ဂိုလ်များအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) ခေါင်းဆောင်များ၏ သဘောထားအမြင်များကိုလည်း စစ်တမ်းကောက်ယူခဲ့ပါသည်"လို့ ဖော်ပြထားပါတယ်။

စစ်တမ်းဖြေဆိုသူများအနက် တရုတ်ကို အိမ်နီးချင်းကောင်းလို့ မြင်သူက ၄၀ ရာနှုန်းရှိပြီး၊ ၅၅ ရာနှုန်းက အိမ်နီးချင်းကောင်း မဟုတ်ဘူးလို့ မြင်ကြပါတယ်။ တရုတ်အနေနဲ့ မြန်မာနိုင်ငံကို အာဏာရှင် ဖြစ်စေချင်တယ်လို့ ဖြေကြားသူက ၅၅ ရာနှုန်းရှိပြီး၊ ဒီမိုကရေစီနိုင်ငံ ဖြစ်စေချင်တယ်လို့ ဖြေကြားသူက ၁၅ ရာနှုန်းပဲရှိတာ တွေ့ရပါတယ်။ တရုတ်ဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံးစီးပွားဖက် ဖြစ်တာကို စိုးရိမ်သူက ၅၈ ရာနှုန်းရှိပြီး၊ ၂၆ ရာနှုန်းကတော့ ကြိုဆိုတယ်လို့ ဖြေကြားကြပါတယ်။ တရုတ်-မြန်မာစီးပွားရေး စကြံစီမံကိန်းတွေက တရုတ်အတွက် ပိုအကျိုးစီးပွား ဖြစ်ထွန်းမယ်လို့ ဖြေကြားသူက ၈၃ ရာနှုန်းရှိပြီး ၁၂ ရာနှုန်းကသာ နှစ်ဦး၊နှစ်ဘက် အကျိုးဖြစ်ထွန်းမယ်လို့ ဖြေကြားကြပါတယ်။ ဒါ့အပြင် တရုတ်ကိုဗစ်ကာကွယ်ဆေးကို ယုံကြည်သူ ၂၆ ရာနှုန်းသာ ရှိတယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လစ်လျှူရှုကာ စစ်တပ်က အာဏာသိမ်းတာကြောင့် မြန်မာစစ်ကောင်စီကို အမေရိကန်၊ အီးယူနဲ့ အနောက်နိုင်ငံတွေက ပိတ်ဆို့ဒဏ်ခတ်အရေးယူတာတွေ လုပ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီဟာ နိုင်ငံရေးအရရော၊ စီးပွားရေးအရပါ တရုတ်အပေါ် မှီခိုအားထားနေရပါတယ်။ ဒါဟာ နိုင်ငံအတွက်အင်မတန် အန္တရာယ်များတယ်လို့ ဆိုရမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒီရက်ပိုင်းနိုင်ငံတကာသတင်းတွေမှာ သီရိလင်္ကာနိုင်ငံ တရုတ်အကြွေး နွံနှစ်ပြီး၊ ဒေဝါလီခံရတာ၊ ပြည်သူတွေ အုံကြွတော်လှန်တာကြောင့် သီရိလင်္ကာသမ္မတ နိုင်ငံကနေ ထွက်ပြေးရတဲ့သတင်းတွေကို ကြားသိ၊မြင်တွေ့နေရတာကြောင့် ဖြစ်ပါတယ်။

ဂျပန်အခြေစိုက် နစ်ကီအေးရှား သတင်းဌာနကတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိရဲ့ မြန်မာခရီးစဉ်ဟာ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေးအချက်ပါဝင်တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည် ဖေါ်ရေး အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို နှောင့်နှေးသွားစေပြီး အထူးသဖြင့် မြန်မာစစ်ကောင်စီကို လူသိရှင်ကြားထိတွေ့ဆက်ဆံတာဟာ စစ်ခေါင်းဆောင်တွေကို ရဲဆေးတင်ပေးသလို ဖြစ်နေကြောင်း ဝေဖန်ရေးသားထားပါတယ်။

XS
SM
MD
LG